ခမ်းသားငေါဝ်း
ဇွန် ၂၅၊ ၂၀၂၅
https://www.facebook.com/share/p/1FoGR7z2ZG/
နေအိမ်မီးရှို့ခံရသည့် ဆောင်းပြောင်းဒေသခံများ စစ်ရှောင်ရာကနေ ပြန်လာပြီး စားနပ်ရိက္ခာများ၊မိုးကာများလိုအပ်လျက်ရှိကြောင်း ဆောင်းပြောင်းဒေသခံထံမှ သိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာတွင် ပြီးခဲ့သည့်မေလတွင် ဖြစ်ပွားသည့် တိုက်ပွဲကြောင့် ဒေသခံ နေအိမ်အဆောက်အဦး နှစ်ရာကျော် ပျက်စီးသွားပြီး ယခုတွင်ဒေသခံများ စစ်ရှောင်ရာကနေ ရွာပြန်လာနေပြီး ပျက်စီးသွားသော နေအိမ်ဘေးတွင် တဲထိုးပြီး နေနေရကြောင်းသိရသည်။
“ခုကမိုးရာသီဆိုတော့ မိုးကာက အရေးကြီးဆုံးလိုအပ်တယ်။ မီးလောင်သွားတဲ့အိမ်ဆို အိုး၊ခွက်၊ပန်ကန်ကအစ မီးလောင်ကုန်တာ။ဘာမှပြန်မရဘူး။နောက်ပြီးအိမ်မှားစုထားတဲ့ စပါးတွေ စိုက်ပျိုးရေးပစ္စည်းတွေမီးလောင်ကုန်တာ ခုအိမ်ပြန်ရောက်တော့ စစရာရာ အကုန်လိုအပ်နေတယ်။လာရောက်ကူညီသူတွေလည်းနည်းနည်းဘဲရှိတယ်။”ဟု ဒေသခံတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။
ဆောင်းပြောင်းကျေးရွာတွင် တိုက်ပွဲဖြစ်ပွားသည့် မေလ၊ဧပြီလအတွင်းတွင် စစ်ကောင်စီနှင့် PNOပြည်သူ့စစ်တို့ ပစ်ခတ်သော လက်နက်ကြီးထိမှန်ပျက်စီးခြင်းနှင့် မီးရှို့ခံရခြင်းတို့ကြောင့် ဒေသခံနေအိမ်၊ စာသင်ကျောင်းအပါအဝင် အဆောက်အဦး ၂၈၅ လုံးပျက်စီးခဲ့ကြောင်းသိရသည်။
ဆောင်းပြောင်းကျေးရွာသည် ဒေသခံအများစု ရွာပြန်ရောက်နေပြီဖြစ်သော်လည်း ဒေသတွင်းအလုပ်အကိုင်၊ကလေးပညာရေးများ၊စိုက်ပျိုးရေးလုပ်ငန်းများ ပြန်လည်လုပ်နိုင်ခြင်းမရှိသေးကြောင်းသိရသည်။
#PPV005
PHOTO -Credit
#လူ့အခွင့်အရေး
#ပင်လောင်းမြို့နယ်
#ဆောင်းပြောင်းကျေးရွာ
#တိုက်ပွဲကြောင့်
#စစ်ရှောင်ရာကနေရွာပြန်လာနေ
#နေအိမ်ဘေးတွင်တဲထိုးပြီးနေနေရ
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7