ခမ်းသားငေါဝ်း
ဇွန် ၂၄၊ ၂၀၂၅

https://www.facebook.com/share/p/1J6vv8hP7U/

ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် DPLF /DPLA ၏ အပတ်စဉ် (၆ ) စစ်သင်တန်းဆင်းပွဲကို တအာင်းပြည်တစ်နေရာတွင် ပြီးခဲ့သည့် ဇွန်လ ၂၁ ရက်နေ့၌ ကျင်းပပြုလုပ်ခဲ့နိုင်ခဲ့ကြောင်း ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်( DPLF/DPLA)မှ ယနေ့ထုတ်ပြန်ထားသည်။

အဆိုပါစစ်သင်တန်းတွင် မိမိတို့ဓနုဒေသအတွင်းရှိပြည်သူလူထုအားကာကွယ်နိုင်ရန်၊ ရန်သူကိုအမြဲသတိထားတတ်‌စေရန် နှင့် တိုက်ခိုက်ရေးကျွမ်းကျင်မှုရှိ‌‌စေရန်တို့ကိုအဓိကထား ပြီး အချိန်ကာလ (၃) လကျော်ကြာ စစ်သင်တန်းပေးခဲ့ကြောင်းသိရပါသည်။

“ရဲဘော်တွေကိုတော့ တော်လှန်ရေးကာလမှာ လေးနှစ်တောင်ရောက်လာပြီးဆိုတော့
အဲ့ဒီကာလမှာ ခက်ခက်ခဲခဲပင်ပင်ပန်းပန်းနဲ့ ဖြတ်ကျော်ခဲ့တယ် ဆက်လက်ပြီးမှ လည်းအားတင်းပြီးတော့ ကျွန်တော်တို့ လူထုအောင်ပွဲ ရောက်သည် အထိ ဆုံးခန်းနိုင်သည်အထိ ပါဝင်သွားကြဖို့ ရဲဘော်တို့ကို တိုက်တွန်းတယ် DPLF/ DPLAမှ တာဝန်
ထမ်းဆောင်နေတဲ့ ရဲဘော်တစ်ယောက်စီ
တိုင်းကိုလည်းအားလုံး အသိမှတ်ပြုတယ်၊ အာဏာစနစ် အမြစ်ကို ခြေမှုန့်ဖို့ ရဲဘော်တွေ စိတ်အားထက်သန်းစွာပူးပေါင်းတိုက်ခိုက်ပါဝင်သွားဖို့ ပြောချင်ပါတယ်”ဟု DPLF ၏ ရဲဘော်တစ်ဦးမှ ပြောသည်။

ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် ကို ၎င်း တို့၏ ရည်ရွယ်ချက် ၊ရည်မှန်းချက်များနှင့်အတူ ပြည်သူလူထုများအား ချပြပြီး စည်းရုံးရေးမှာ များစွာ လုပ်ဆောင်နိုင်ခဲ့ကြောင်း ၎င်း ကဆက်ပြောသည်။

ယင်းစစ်သင်တန်း ဆင်းပွဲတွင် DPLF/DPLA
၏ ဉက္ကဌ မှ မိမိတို့ ဓနု‌ဒေသအတွင်းရှိပြည်သူလူထုကို သစ္စာရှိရှိနှင့် ကာကွယ်သွားကြရန်၊ အမိန့်နာခံတတ်စေရန်နှင့် ဘယ်လိုအခြေနေတွင်ဖြစ်စေ စိတ်ဓာတ်မကျပဲ စစ်အာဏာရှင်ကိုတိုက်ထုတ်သွားကြရန် အမှာစကားများပြောကြားခဲ့ကြောင်းသိရပါသည်။

ထို့ပြင် ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်မှ မိဘပြည်သူများအား
DPLF/ DPLA ဓနုတပ်ကိုများစွာကူညီပံ့ပိုးပေးပါရန်နှင့် လူငယ်များအနေ နှင့်လည်း စစ်အာဏာရှင် စနစ် အမြစ်ဖြတ် ရေးမှာလူငယ်များ၏ အခန်းကဏ္ဍမှာ ပါဝင်ပေးကြပါရန် ပြောဆိုထားပါသည်။

PPV0013
ပုံ-အွန်လိုင်း
#စစ်ရေး
#ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်
#DPLF /DPLA
#တအာင်းပြည်တစ်နေရာ
#ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7