ခမ်းသားငေါဝ်း
ဇွန်လ ၂၄၊ ၂၀၂၅
https://www.facebook.com/share/p/1RrrFcBJUD/
မြို့နယ် သံဃာ့ နာယက ထောက်ခံချက်ဖြင့်ဘုန်းကြီး ကျောင်းသုံး လိုင်စင်မဲ့ယာဉ်များ စီးနင်းခွင့်ပြုခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်ရှိ ကျောင်းတိုက်များမှ မော်တော်ယာဉ် စာရင်းကိုဇွန်လ ၁၇ ရက်အထိကောက်ခံခဲ့ပြီး ကျောင်းတိုက်များအမှန်တကယ် အသုံးပြုနေသော မော်တော် ယာဉ်များကိုသာ ခွင့်ပြုချက် ထောက်ခံစာ ထုတ်ပေးခြင်း ဖြစ်ကြောင်း သိရသည်။
“အခု ကျောင်းတိုက် အမှန်တကယ်သုံးစွဲတဲ့ မော်တော်ယာဉ် အဖြစ် ခွင့်ပြုချက် ထောက်ခံချက် လက်မှတ် ထုတ်ပေးထားတယ်။ ရှိသမျှ မော်တော် ယာဉ်တွေ အကုန်လုံး စာရင်း ပေးထားရတယ်။”ဟု တောင်ကြီး မြို့ပေါ် ကျောင်းတိုက် နီးစပ်သူ တစ်ဦးကပြောသည်။
တောင်ကြီးမြိုပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်းများတွင် သုံးစွဲနေသော မော်တော်ယာဉ် စာရင်းကို တောင်ကြီးမြို့၊ ရတနာသီရိရပ်ကွက်ရှိ ဓမ္မဝိဒူ အုတ်ဖိုကျောင်းမှတဆင့် မြိုနယ်သံဃာ့ နာယကအဖွဲရုံးထံသို့ ဇွန်လ ၁၇ ရက် နောက်ဆုံးပေးပို့ရန် အသိပေးထားခြင်း ဖြစ်သည်။
တောင်ကြီးမြို့နယ်ရှိ ဘုန်းကြီးကျောင်း စာရင်းသည် တောင်ကြီးတွင် ၁၀၃ ကျောင်း၊ အေးသာယာတွင် ၂၈ ကျောင်း ၊ ရွှေညောင်တွင် ၃၁ ကျောင်း နှင့် ကျောက်တစ်လုံးတွင် ၂ ကျောင်း ဟုသိရသည်။
ထို့ပြင် တောင်ကြီးမြို့နယ် တွင်းရှိ ကျေးရွာအုပ်စုပေါင်း ၂၀၀ ရှိရာ တောင်ကြီးမြို့နယ်ချုပ် အားဖြင့် ကျောင်းပေါင်း ၃၆၄ ကျောင်း ရှိကာ ဝါဆို သံဃာစာရင်းသည် သံဃာတော် ၂၇၀၀ ပါး ကျော် နှင့် သာမဏေ ၆၉၀၀ ပါးကျော် ရှိကြောင်း သိရသည်။
စစ်ခေါင်းဆောင်က မော်တော်ယာဉ်များ ကြပ်မတ် ဆောင်ရွက်ရမည်ဟု ပြောဆိုပြီးနောက်ပိုင်း ဇွန်လမှ စတင်၍ လိုင်စင်မဲ့ မော်တော်ယာဉ်များ တိုးမြှင့် ဖမ်းဆီးလာခြင်း ဖြစ်ကာ ၊ သာသနာနွယ်ဝင် ရဟန်း ၊ သံဃာတော်များ ၊ သာသနာရေး ယာဉ်များ အသုံးပြုရန် ပြန်လည် ဖြေလျော့ပေးခြင်းဟုသိရ သည်။
ယခင် ဦးသိန်းစိန် လက်ထက်တုန်းကလည်း ရဟန်း၊ သံဃာတော်များအတွက် လိုင်စင်မဲ့ယာဉ်များ အသုံး ပြုနိုင်ရန် RLG လိုင်စင် ထုတ်ပေးခဲ့ဖူး ကြောင်း သိရသည်။
#PPV-006
#မော်တော်ယာဉ်
#တောင်ကြီး
#သာသနာပိုင်ယဥ်
#ကျောင်းတိုက်
ခမ်းသားငေါဝ်း Telegram ကြည့်ရန်
https://t.me/thepeoplevoicePaO
youtube channel ကြည့်ရန်
www.youtube.com/@khamsarngor7295
website ကြည့်ရန်