ခမ်းသားငေါဝ်း
ဇွန် ၂၃၊ ၂၀၂၅
https://www.facebook.com/share/p/168FgtZ9NH/
ကရင်နီပြည်နယ်၊ လွိုင်လင်လေးမြို့ အတွင်း စစ်ကောင်စီတပ်မှ ကျေးရွာတစ်ရွာအား ဇွန် (၂၂) ရက်နေ့ တွင်တွင်တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ အကြောင်းမဲ့ လက်နက်ကြီးများ ပစ်ခတ်ခဲ့မှုကြောင့် ဒေသခံ(၄)ဦး ထိခိုက် ဒဏ်ရာရခဲ့ကြောင်း ကရင်နီ အမျိုးသားကာကွယ်ရေးတပ် (KNDF) တပ်ရင်း-၁၂ မှ ယနေ့ထုတ်ပြန်ထားသည်။
လွိုင်လင်လေးမြို့ အခြေစိုက်စစ်ကောင်စီ၏ ခလရ (၅၃၀)တပ်မှ မနေ့ ည (၅)နာရီခွဲအချိန်တွင် တိုက်ပွဲ ဖြစ်ပွါးခြင်းမရှိဘဲ အကြောင်းမဲ့ လက်နက်ကြီး (၆၀)မမ (၅)လုံးခန့် လွိုင်လင်လေးမြို့နယ် အရှေ့ဖက်ရှိ လူနေကျေးရွာတစ်ခုတွင်းသို့ ပစ်ခတ်ခဲ့ကြောင်းဖော်ပြထားသည်။
၎င်း ပစ်ခတ်မှုကြောင့် အမျိုးသမီး (၂)ဦးနှင့် အမျိုးသား (၁)ဦးအပြင် အသက် (၁၄) နှစ်အရွယ် ကလေး(၁)ဦး စုစုပေါင်း ဒေသခံ (၄)ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်းဖော်ပြထားသည်။
ထို့ကြောင့် စစ်ကောင်စီတပ်မှ စစ်ရေးပစ်မှတ်မဟုတ်သည့် ပြည်သူများကို အကြောင်းမဲ့လက်နက်ကြီးများ ပစ်ခတ်၍ စစ်ရာဇဝတ်မှုများကို ပေါ်ပေါ်ထင်ထင် ကျူးလွန် လုပ်ဆောင်နေ၍ မိဘပြည်သူများ လုံခြုံရေးအသိဖြင့် သွားလာနေထိုင်ကြပါရန် တိုက်တွန်းထားပါသည်။
PPV0013
ပုံ-KNDF
#လူ့အခွင့်ရေး
#ကရင်နီပြည်နယ်
#လွိုင်လင်လေး
#တိုက်ပွဲဖြစ်ပွားခြင်းမရှိ
#အကြောင်းမဲ့လက်နက်ကြီးများပစ်ခတ်
#KNDF
#လွိုင်လင်လေးမြို့အခြေစိုက်စစ်ကောင်စီ
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7