ခမ်းသားငေါဝ်း

ဇွန် ၂၃၊ ၂၀၂၅

https://fb.watch/AoU96XiyQa/

ဆိုက်ခေါင်စျေးထဲတွင် ဖုန်းခိုးနေသော သူခိုးတစ်ဦးကို စျေးရောင်းသူများနှင့် စျေးလာသူများက ဝိုင်းပြီး ဖမ်းမိကြောင်း ဒေသခံထံက သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် ဆိုက်ခေါင်စျေးတွင် ဇွန်လ၂၃ရက်နေ့တွင် ဆိုင်တစ်ဆိုင်၌ ဖုန်းခိုးနေသော သူခိုးတစ်ဦးကို စျေးထဲရှိသူများက ဝိုင်းဖမ်းမိကြောင်းသိရသည်။

“အဲဆိုင်က အစုံရောင်းတာ ပိုင်ရှင်ရဲ့ဖုန်းကို ခိုးသွားတော့ ဆိုင်ထဲကလူတွေ မြင်သွားတယ်။မြင်သွားတဲ့သူလည်း အော်တော့ သူထွက်ပြေးချိန် အကုန် ဝိုင်းဖမ်းပြီး ချုပ်ထားလိုက်တာ။ဆိုက်ခေါင်စျေးမှာ သူခိုးအရမ်းများတယ်။ဆိုင်ကယ်ဆိုလည်းခနခနပျောက်တယ်။စျေးထဲကဆိုင်တွေလည်း ခနခနဖောက်ခံရတယ်။”ဟု ဒေသခံတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။

ဖမ်းမိထားသည့် သူခိုးသည် ရပ်ဝေးမှ လာသောသူဖြစ်ပြီး အသက်၂၀ဘကျော်အရွယ်သာဖြစ်ပြီး ဝိုင်းဖမ်းမိပြီးနောက် PNOဘပြည်သူ့စစ်ထံအပ်နှံလိုက်ကြောင်းသိရသည်။

စစ်ကောင်စီအာဏာသိမ်းပြီးနောက် ဆိုက်ခေါက်စံပြကျေးရွာတွင် မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲမှုများလာပြီး လုယက်မှု၊ခိုးမှု များစွာ ဖြစ်ပွားလာကြောင်းသိရသည်။

#PPV005
ဗွီဒီယို-Credit
#မှုခင်း
#ဆီဆိုင်မြို့နယ်
#ဆိုက်ခေါင်စျေး
#ဖုန်းခိုး
#သူခိုး
#စျေးထဲရှိသူများကဝိုင်းဖမ်းမိ
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7