ခမ်းသားငေါဝ်း
ဇွန် ၂၃၊ ၂၀၂၅
https://www.facebook.com/share/p/15t2Mepm1t/?mibextid=Nif5oz
တောင်ကြီးမြို့ပေါ်ရှိ ထမင်းဆိုင်တစ်ဆိုင်တွင်အမျိုးသမီးငယ် တစ်ဦးအား တခါမျှ မတွေ့ဖူးသည့် အဒေါ်ကြီး တစ်ဦးသည် ၎င်းအား ရင်းနှီးသယောင် ဟန်ဆောင်ကာ ပြောဆိုပြီး ပခုံးအားပုတ်လိုက်ချိန် မူးဝေသွားခဲ့ကြောင်းသိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ပေါ်ရှိ အလယ် BOC တောင်ဘက် ဆိုင်ကယ် (stand) အောက်ရှိ ထမင်းဆိုင်တွင် အမျိုးသမီးငယ် တစ်ဦး ထမင်းစားချိန် ရွှေအပြည့်နှင့် ဝတ်ကောင်းစားလှဖြင့် အဒေါ်ကြီးတစ်ဦးသည် သူမပခုံးအား ပုတ်ချိန် ချက်ချင်း ခန္ဓာက်ိုယ် တစ်ခုလုံး ပူထူပြီး မူးဝေသွားခဲ့ကြောင်း ကိုယ်တိုင်းကြုံတွေ့သူတစ်ဦးထံမှသိရသည်။
“ဒီတိုင်းထမင်းစားနေတုန်း သမီးရေ ဆိုတော့ အနောက်လည်လိုက်တဲ့အချိန်သူက ပုတ်လိုက်တာ လူက မူးကနဲဖြစ်သွားတာမိုက်ကနဲ့ အိမ်မက်လိုလို တစ်က်ိုယ်လုံးပူထူပြီးဖြစ်သွားတာ၊ဆိုင်ရှင်ဦးလေးနဲ့ကခင်တာကြာပြီ သူလည်းမသိဘူး အဲ့နေရာမှာလာစားတာဘယ်ကမှန်လည်းမသိဘူးပေါ့နော်ထမင်းဆိုင်ဆိုတော့လေ” ဟု ကိုယ်တိုင်းကြုံတွေ့သူက ခမ်းသားငေါဝ်းကို ပြောသည်၊၊
မူးဝေသွားသည့်အချိန်ဆိုင်ရှင်နှင့်လည်း ခင်တာကြာပြီမို့ အကူညီတောင်းကာ ဆိုင်တွင်ခနနားခွင့်တောင်းပြီး မောင်ဖြစ်သူအားဖုန်းဆက်ကာ လာကြိုရန်ရန် ပြောခဲ့ပြီး အိမ်ပြန်ရောက်ချိန်တွင် ပုတ်ခံရသည့် နေရာတွင် အပ်ရာ ကျန်ရှိနေကြောင်းကို သိရသည်။
“အမလည်း ပြီးလည်းပြီးတော့ နေခင်းလောက် ရေပြန်ချိုးတော့ အဲ့ဒီ သူပုတ်တဲ့နေရာနားမှာ အပ်ရာလေ ကျန်နေခဲ့တယ်၊ အပ်ရာ သေးသေးလေး အဲ့လို့မျိုးလေ၊ ဟိုသူပုတ်လိုက်တဲ့အချိန်တုန်းကတော့ဆူး ကနဲ့တော့ မဖြစ်ဘူး အိမ်ပြန်ရောက်တဲ့အခါကြတော့အပ်ရာ ကြီးကတော့ ကျန်နေခဲ့တယ်၊ တို့လိုက်တာတော့မဟုတ်ဘူးအပ်သေးသေးလေပဲဖြစ်မယ်”ဟု ၎င်းကဆက်ပြောသည်။
တောင်ကြီးမြို့ပေါ်ရှိ ဒေသခံများသည် အပြင်သို့ တစ်ယောက်ထဲသွားသွားလာလာ သွားချိန်တွင် စိုးရိမ်ကြောက်လှန့်နေရကြောင်း ဒေသခံများထံမှ သိရသည်။
ပြီးခဲ့သည့် ဒီဇင်ဘာ ၁၃ ရက်တွင်လည်း တောင်ကြီးမြို့ပေါ်ရှိ စစ်စံထွန်းစျေး၌ ရဟန်းတစ်ပါးယောင်ဆောင်ပြီး အမျိုးသမီးငယ် တစ်ဦးကို တို့ဆေးဖြင့်တို့ကာ ရွှေနားကပ်ကို ချွတ်ယူစဥ် ဈေးသူဈေးသားများက ဖမ်းဆီးရခဲ့သည့် ဖြစ်စဥ်လည်းရှိခဲ့ဖူးသည်။
PPV0013
ပုံ-ခမ်းသားငေါဝ်း
#တောင်ကြီးမြို့
#ထမင်းဆိုင်တစ်ဆိုင်တွင်
#အမျိုးသမီးငယ်တစ်ဦးအား
#ရင်းနှီးသယောင်ဟန်ဆောင်
#ပခုံးအားပုတ်လိုက်ချိန်
#မူးဝေသွားခဲ့
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7