ခမ်းသားငေါဝ်း

ဇွန် ၂၃၊ ၂၀၂၅

https://www.facebook.com/share/p/1GK9x4fQ9M/

အောင်ပန်းမြို့၌ ဇွန်လ ၂၂ ရက်နေ့တွင် အမျိုးသား တစ်ဦး ကြိုးဆွဲချ သေဆုံးမှု ဖြစ်ပွါးခဲ့ကြောင်း နာရေးကူညီမှုအသင်း (အောင်ပန်း) မှ သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းမြို့နယ်ရှိ အမှတ် (၃)ရပ်ကွက် တွင်ရှိ အသက်(၃၀) အရွယ် အမျိုးသားတစ်ဦးသည် အခန်းတံခါးပိတ်၍ ပြတင်းပေါက် အပြင်ဘက်တွင် ကြိုးဆွဲချ သေဆုံး မှုဖြစ်ပွါးခဲ့သည်။

“သူက အခန်းတံခါးထဲပိတ်ထားပြီးတော့ သူကဟိုဘက်ပြတင်းပေါက်ဘက်မှာ ချလိုက်တာဆိုတော့ဘယ်သူမှာ မသိရဘူးဖြစ်နေတာလေ၊ သူကို အောင်ပန်းရင်ခွဲရုံးတော့ ပို့ထားတယ်၊ အခုလောလောဆယ် တော့ ရဲတွေက သူတို့ ပြစ်ချက်တွေယူပြီးမှပဲကျွန်တော်တို့ သင်းဂြိုလ်ရမှာပေါ့”ဟု နာရေးကူညီမှုအသင်းအောင်ပန်းမှ တာဝန်ရှိသူကပြောသည်။

၎င်း အမျိုးသား၏ အလောင်းကို သွားယူချိန်တွင် အလောင်းမှ တောင့်နေပြီးဖြစ်၍ မနေ့ မနက်ပိုင်းကတည်းက ဆွဲကြိုးချသေဆုံးနေခဲ့ ကြောင်းနှင့် သေဆုံးသူသည် အောင်ပန်းဒေသတွင်း၌ နေထိုင်သူ မဟုတ်ကြောင်းလည်း သိရှိရပါသည်။

“ဒီဒေသတော့မဟုတ်ဘူး၊ သူကဧည်သည် ကြီးဗျာ မှတ်ပုံတင်ရဲကသိမ်းသွားတော့ကျွန်တော်တို့ဘာမှာမသိရသေးဘူး ပြီးမှပဲ ကျွန်တော်တို့မေးကြည့်ရမှာပေါ့မှတ်ပုံတင်ပါတယ် ဖုန်းပါတယ်၊ကျန်တာတော့ ဘာမှမပါဘူး သူဘာကြောင့်ချတယ်ဆိုတာလည်းမသိရဘူးဖြစ်နေတယ်၊ သူအရက်ဘီယာသောက်ထားတာတွေ့တယ် အဲ့မှာအပြင်က ဝယ်လာတဲ့ ဖော့ဗူးနဲ့ အစားတွေလည်းတွေ့တယ်”ဟု ၎င်း ကဆက်ပြောသည်။

ထို့ပြင် ဇွန်လ (၁၈)ရက်နေ့တွင်လည်း အောင်ပန်းမြို့၊ အောင်ပန်း-ပင်းတယ သွားလမ်း အမှိုက်ပုံဟောင်းအနီး၌ ည ၁၀ နာရီဝန်းကျင်အချိန်ခန့်တွင် လမ်းပေါ် မူးလှဲနေသော အမျိုးသားတစ်ဦး သေဆုံးမှုဖြစ်ပွါးခဲ့ကြောင်းသိရသည်။

PPV0013
ပုံ-နာရေးကူညီမှုအသင်း အောင်ပန်း
#မှုခင်း
#အောင်ပန်းမြို့နယ်
#အမှတ်၃ရပ်ကွက်
#အမျိုးသားတစ်ဦး
#အခန်းတံခါးပိတ်
#ပြတင်းပေါက်အပြင်ဘက်
#ကြိုးဆွဲချသေဆုံးမှုဖြစ်ပွါး
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7