ခမ်းသားငေါဝ်း
ဇွန် ၂၂၊ ၂၀၂၅

https://www.facebook.com/share/p/1XwkLKWjAh/

ညောင်ရွှေမြို့နယ် ညောင်ဝန်းအရှေ့နှင့် နန်းပန်ရွာတွင်မိုးရွာသွန်းပြီး ရေမြှင့်တက်လာမှုကြောင့်ဒေသခံများ ကုန်းပေါ်တွင်အရေးကြီးပစ္စည်းများရွှေ့နိုင်ခဲ့သော်လည်း နေရာထိုင်ခင်းအတွက်အခက်အခဲကြုံနေရကြောင်း ဒေသခံထံက သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်တွင်ဇွန်လ၂၁ ရက်နေ့၌လညောင်ဝန်းအရှေ့နှင့်နန်းပန်ရွာတွင်မိုးရွာပြီးရေမြင့်တက်လာမှုကြောင့် ‌ဒေသခံများကကုန်းပေါ်တွင် အရေးကြီးပစ္စည်းများရွှေ့နိုင်သော်လည်းလူနေရာထိုင်ခင်းအတွက်အခက်အခဲကြုံနေရသည်၊၊

“ခုလောလောဆယ်ရေတွေတက်လာလို့ အိမ်မဆောက်ရသေးဘူး အိမ်မဆောက်ရသေးတဲ့သမားတွေကလည်းကုန်းပေါ်ဖက်က အမျိုးအိမ်ရှိတဲ့နေရာမှာအရေးကြီးတဲ့ပစ္စည်းတွေရွှေ့လို့ရပေမယ့် လူတွေတွက်နေစရာအခက်အခဲရှိနေပါတယ်”ဟုဒေသခံတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။

ယခင်နှစ်တွင်ရေကြီးမှုကြောင့် တင်ကျန်နေသည့်နှုန်းမြေများ၊လရေလှောင်ကန်နှင့်ဆည်မြောင်းထဲစီးဝင်သည့်ချောင်းထဲတွင်လည်း နှုန်းတင်လျက်ရှိသောကြောင့် ဆည်မြောင်းငှာနမှ အဓိကဖယ်ရှားပေးရန်လိုအပ်ကြောင်းသိရသည်။

“ငလျှင်ဒဏ်သင့်လို့အိမ်ပြိုလဲပျက်စီးသွားတဲ့သူတွေက ရှိတဲ့ကုန်းမြေကျွန်းမျှောပေါ်မှာယာယီတဲလေးတွေဆောက်ပြီးနေကြပေမယ့် အခုရေတွေတက်လာတော့ဘယ်လိုကိုရွှေ့ပြောင်းနေထိုင်ရမယ်ဆိုတာမသိတော့ဘူး ရွှေ့ပြောင်းနေထိုင်ဖို့အခက်အခဲတွေဖြစ်နေပါတယ်”ဟု၎င်းဒေသခံတစ်ဦးကခမ်းသားငေါဝ်းကိုဆက်ပြောသည်။

ဘုန်းကြီးကျောင်းလည်း ရေတက်လာသောကြောင့်ပြင်သင့်သည့်နေရာတွင်ပြင်လို့မရဖြစ်နေပြီးလက်သမားများနားထားရကြောင်းသိရသည်။

PPV-009
ပုံ-Cj
#သဘာဝဘေး
#ညောင်ရွှေမြို့နယ်
#ညောင်ဝန်းရွာ
#နန်းပန်ရွာ
#ရေမြှင့်တက်လာ
#နေရာထိုင်ခင်းအတွက်အခက်အခဲကြုံနေ
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7