ခမ်းသားငေါဝ်း
သြဂုတ် ၁၈၊ ၂၀၂၅

https://www.facebook.com/share/p/172N8XfrKi/

ရှမ်းပြည်နယ်တောင်ပိုင်းတွင် သြဂုတ် ၁၈ ရက်မနက်ပိုင်းက စစ်တပ်မှဒေသခံတိုင်းရင်းသားပြည်သူများကို ဆင့်ခေါ်ပြီး TNLA နှင့် MNDAA တို့အား ဆန့်ကျင်ဆန္ဒပြမှု လုပ်ဆောင်ခဲ့သည်။

ထိုသို့ပြုလုပ်ခြင်းသည် ရှမ်းပြည်နယ်အတွင်းရှိ တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ်မှုကို ပျက်ပြားစေရန်နှင့်တိုင်းရင်းသား အချင်းချင်း အမုန်းပွားစေရန် ရည်ရွယ်လုပ်ဆောင်နေကြောင်း RCSS ရဲ့ သတင်းပြန်ကြားရေးအဖွဲ့ က ယနေ့တွင်ပင် ထုတ်ပြန်ထားသည်။

ထို့ပြင် RCSS အနေဖြင့် ရှမ်းပြည်မြောက်ပိုင်း၌ တအာင်းတပ် TNLA နှင့် ရှမ်းတပ် SSPP ၏ ကြီးမားသော ထိုးစစ်ဆင် တိုက်ခိုက်မှုခံခဲ့ရသော်လည်း တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို ရှေးရှု‌သည့်အနေဖြင့် ဒေသခံ တိုင်းရင်းသားများကို တစ်ကြိမ်တစ်ခါမှ ထုတ်ဖော်ဆန္ဒပြရန် တိုက်တွန်းမှု မလုပ်ဆောင်ခဲ့ဘူး ကြောင်းဆိုထားသည်။

“ရှမ်းပြည်မှ အတူတကွ နေထိုင်လာတာပဲ ရှမ်းပြည်တိုင်းရင်းသား အားလုံးက အဲ့လို့မောင်းထုတ်လို့ရကြေးဆို လူမျိုးစုတစ်စု လက်နက်ကိုင်တစ်စုကို လွယ်လွယ်နဲ့ မောင်းထုတ်လို့ရတယ်ဆိုတော့ မောင်းထုတ်ကြပြီးပေါ့။ လူမျိုးကြီးဝါဒ ဆွဲကိုင်ထားတဲ့သူတွေ အာဏာရှင် ဆွဲကိုင်ထားတဲ့ သူတွေကတော့ ဒါတော့ သူတို့ နိုင်ငံရေးအရ ထိုးနက်ချက်တစ်ခုပါပဲ၊ ပြည်သူတွေကို အကြောက်တရားနဲ့ အသုံးချနေတာ” ဟု ဆန္ဒပြခိုင်းသည့် လုပ်ရပ်အပေါ်ရှမ်းပြည်နိုင်ငံရေးသမားတစ်ဦးကခမ်းသားငေါဝ်းကို ပြောသည်။

ထို့ပြင် ဒေသခံတိုင်းရင်းသားပြည်သူများအနေဖြင့်လည်း စစ်တပ်၏ လှည့်ကွက်ထဲသို့ မကျရောက်မိ‌အောင်သတိထား ရှောင်ရှားနိုင်ရန် RCSS က တိုက်တွန်းထားပါသည်။

ယခု စစ်တပ်မှ စီစဥ်ကျင်းပသည့် TNLA နှင့် MNDAA တို့ ဆန့်ကျင် ဆန္ဒပြမှုသည် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS နှင့် လုံးဝ ပတ်သက်မှု မရှိဘူးလို့လည်း ဆိုထားသည်။

ယင်းဆန္ဒပြပွဲကို ယနေ့ ဩဂုတ်လ ၁၈ ရက်မှာ မိုးနဲ၊ မိုင်းပန်၊ ခိုလမ်၊ ကွန်ဟိန်း မြို့များတွင် တပြိုင်နက်တည်း ပြုလုပ်နေခြင်းဖြစ်ပြီး မနက်ဖန် ဩဂုတ်လ ၁၉ ရက်တွင် လည်း လဲချား၊ ပင်လုံ၊ နမ့်စန်၊ မောက်မယ်နှင့်လင်းခေးမြို့တို့တွင် ကျင်းပရန်စီစဉ် နေကြောင်းသိရပါသည်။

#ppv013
#politics
#shanstate
#reject military

ခမ်းသားငေါဝ်း Telegram ကြည့်ရန်
https://t.me/thepeoplevoicePaO
youtube channel ကြည့်ရန်
www.youtube.com/@khamsarngor7295
website ကြည့်ရန်

Home


Tiktok ကြည့်ရန်
www.tiktok.com/@khamsar692

You missed