ခမ်းသားငေါဝ်း
သြဂုတ် ၁၇၊ ၂၀၂၅
https://www.facebook.com/share/p/19DizkzP9m/
ရှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်၊ အင်းလေးဒေ သထွက်ခရမ်းချဉ်သီး စျေးနှုန်းထိုးကျနေပြီး ၊ ကုန်သည်ပွဲစားများ အရှုံးဒဏ် အလူးအလဲ ခံစား နေရကြောင်း သိရသည်။
အင်းလေးဒေသထွက် အင်းသီး ခေါ် ခရမ်းချဉ်သီး စျေးနှုန်း တစ်ပိဿာ ၁၂၀၀ ကျပ် အထိ စျေးနှုန်း ထိုးကျနေကြောင်း သိရသည်။
“အခုက ကုန်သည်တွေ ထိတာ ၊ စျေးကောင်း လာမလား ဆိုပြီး ဝယ်ထား ၊ တက်မယောင်နဲ့ စျေးက ပြန်ဆုတ်တော့ ဝယ်ရင်း ကျရင်း နဲ့ ကုန်သည် ပွဲစားတွေ အလူးအလဲ ခံစားရတယ်။ တောင်သူတွေက တော့ အရင်းတော့ ပြန်ရကြပါတယ်။ သိပ်တော့ မရှုံးကြဘူးပေါ့။ ပျက်တဲ့ ခြံကတော့ အရင်းမရဘူးပေါ့”ဟု မိုင်းသောက်မှ ခရမ်းချဉ်သီး ကုန်သည် တစ်ဦးက ဆိုသည်။
ဩဂုတ်လ ၁၆ ရက်တွင် ခရမ်းချဉ်သီး တစ်ပိဿာ စျေးနှုန်း ၁၄၀၀ ကျပ် ၊ အစိမ်း တစ်ပိဿာ ၁၂၀၀ ကျပ် ခန့် သာ စျေးရကြောင်း၊ ကုန်းသီး တစ်ပိဿာ တစ်ထောင်ကျပ် ရှိကာ၊ အင်းသီး တစ်ပိဿာ ၁၅၀၀ ကျပ် ခန့် ရှိရာ မှ ဝယ်သူ မရှိသဖြင့် ၁၂၀၀ ကျပ် အထိ စျေးကျနေခြင်း ဖြစ်ကြောင်း သိရသည်။
အင်းလေးကန်ထွက် ခရမ်းချဉ်သီး စျေးနှုန်းကျဆင်းနေသည်မှာ ယခင်လဝက်ခန့်မှ စတင် စျေးကျနေခြင်း ဖြစ်ပြီး ဩဂုတ်လ လယ်ရောက်ချိန်အထိ စျေးနှုန်း ကျဆင်းနေသဖြင့် ကုန်သည်ပွဲစားများ စိတ်ပျက် နေကြကြောင်း သိရသည်။
“အရင်လထက်ကို စျေးလည်း ကျတယ်။ အရောင်းအေးတယ်။ အရောင်းအဝယ် လည်း မရှိဘူး။ ကုန်းသီး အထွက် များတာလည်း ပါသလို ၊ မိုးကြီးလို့ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက် တာတွေ ကြောင့် လည်း ပါတယ်။ လမ်းပျက်တော့ ဆိုးသွားတာ သွားလို့ မရတော့ဘူး။ အရောင်းအဝယ် လုံး၀ မကောင်းဘူး။”ဟု ၎င်းကဆက်ပြော သည်။
မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့်လည်း အင်းလေးကန် ရှိ ခရမ်းချဉ်သီး ကျွန်းမျော စိုက်ခင်းများ ထိခိုက်ပျက်စီးခြင်းများလည်း ရှိကြောင်း ၊ ကုန်းပေါ် စိုက်ပျိုးသော ခရမ်းချဉ်သီး များလာခြင်းကြောင့် စျေးနှုန်းခြင်း မယှဉ်နိုင်ခြင်းကြောင့် လည်း အင်းသီး အရောင်းအဝယ် အေးကြောင်း သိရသည်။
#PPV-006
#agriculture
#tomato
#Innlay
#shanstate
#စျေးကျ
#အင်းလေး
ခမ်းသားငေါဝ်း Telegram ကြည့်ရန်
https://t.me/thepeoplevoicePaO
youtube channel ကြည့်ရန်
www.youtube.com/@khamsarngor7295
website ကြည့်ရန်