ခမ်းသားငေါဝ်း
သြဂုတ် ၁၈၊ ၂၀၂၅
https://www.facebook.com/share/p/19zTHnToWu/
ရွှေတောင်ရပ်ကွက်အုပ်ချုပ်မှူး ဦးသန်းရွှေ နှင့် အပေါင်း အပါများက ဆေးသမားများကို ဖမ်းပြီး ငွေညှစ်၍ စီးပွားရှာနေ ကြောင်း ရပ်ကွက်နေ ပြည်သူများထံမှ ကြား သိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ ရွှေတောင်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသန်းရွှေသည်၂၀၂၅ ခုနှစ် ဇူလိုင်လက စရဖ မှ ခေါ်ယူစစ်ဆေးခဲ့သော် လည်း ငွေကြေးဖြင့် ကြေအေးလိုက်ကြောင်းသိရသည်။
ထို့ကြောင့် ဩဂုတ်လတွင် ရွှေတောင်ရပ်ကွက်အတွင်း ဆေးသမားများကို ဖမ်းဆီး ငွေညှစ်ခြင်း များ ဆက်လက် လုပ်ဆောင်လာနေကြောင်း ရပ်ကွက်နေပြည်သူထံမှ ကြား သိရသည်။
“ဖမ်းမိတဲ့ ဆေးသမားတွေကို သိန်း ၂၀ ကနေ သိန်း တစ်ရာ အထိ ညှိနှိုင်းပြီးငွေပေးမှ ပြန်လွှတ်ပေးတယ်။ နားလည် တတ်ကျွမ်းသူ မပါရင်တော့ ထိတာပဲ ၊ သူတို့က ဖမ်းမိတဲ့ သူတွေကို ငွေကြေး ညှိနှိုင်းဖို့ ရာအိမ်မှူး တွေကနေ တဆင့် စကား ပြောရတယ်။” ဟု ရပ်ကွက်နေ ပြည်သူ တစ်ဦးက ဆိုသည်။
ရွှေတောင်ရပ်ကွက်အတွင်း မြေကွက်အရောင်း အဝယ် ဖြစ်လျှင်လည်း တစ်ကွက်လျှင် စာချုပ်ဖိုး သိန်းရာချီ တောင်းလေ့ ရှိကြောင်း ၊ ဆေးသမားများကို ဖမ်းဆီး၍ ငွေညှစ်တောင်းခံလေ့ ရှိကြောင်း ၊ ဖမ်းမိသော ဆေးပြားများကို ရဲလက်မအပ်ဘဲ ဆေးသမားများထံ ပြန်ရောင်းလေ့ ရှိကြောင်း သိရသည်။
ထို့ပြင် ရွှေတောင် အုပ်ချုပ်ရေးမှူး ဦးသန်းရွှေ ၏ သားဖြစ်သူလည်း ဆေးအရောင်းအဝယ် လုပ်ကိုင်နေပြီး ၊ သား ကိုယ်တိုင်ဆေးသမား ဖြစ်ကြောင်း၊ KTV မှ မိန်းမများနှင့်လည်း ရှုပ်ကြောင်း၊ သားကို အမွေဖြတ် စွန့်လွှတ်ထားသည်ဟု ရပ်ကွက်ကို အသိပေးထားသော်လည်း ပြဿနာဖြစ်လာလျှင် လိုက်ရှင်း ပေးတတ်ကြောင်း သိရသည်။
ရွှေတောင် ရပ်ကွက်တွင် အုပ်ချုပ်မှူးနှင့်အလားတူ ပြည်ခိုင်ဖြိုးပါတီဝင် မလှလှ အမျိုးသမီးတစ်ဦးသည်သူ၏ သားကြီးဖြသ်သူက မူးယစ်ဆေး ရောင်း ဝယ် ဖြန့်ဖြူးခြင်း လုပ်ကိုင်ပြီး၊ မူးယစ်ရောင်းရငွေများဖြင့် ရွှေတောင်ရပ်ကွက် နှင့် ရပ်ကွက်အချို့တွင် မိသားစုဝင်နာမည်အသီးသီး ဖြင့်အိမ်ဝိုင်းများဝယ်ထားကြောင်း သိရသည်။
မလှလှ၏အမျိုးသားသည် ပြည်သူ့စစ် အဖွဲ့ဝင် တစ်ယောက်ဖြစ်ပြီး သားဖြစ်သူ မူးယစ်ဆေးရောင်းပြီးနောက်၊ အုပ်ချုပ်ရေးမှူးနှင့် ပြည်သူ့စစ်အဖွဲ့ ထံ သတင်းပေးပြီး ဆေးဝယ်သူများကို ပြန်လည် ဖမ်းခိုင်းနေကြောင်း သိရသည်။
ဒေသခံ နောက်တစ်ဦးက”သူ့သား ဆေးပြား ရောင်းတဲ့ အဖွဲ့လည်း ရှိတယ်။ အဲ့ ဆေးပြား ရောင်းတဲ့ သူတွေကို လက်ကိုင်စကား ပြောစက် နဲ့ ပြည်သူ့စစ် ကို တိုင်ပြီး ပြန်ဖမ်းခိုင်းတယ်။ ”ဟု ဆိုသည်။
၎င်းတို့၏ သားဖြစ်သူ အကြီးကောင် မူးယစ်ဆေး လက်ဝယ်တွေ့ရှိမှုဖြင့် ဖမ်းဆီးခံရသော်လည်း ထောင်မကျဘဲ လွတ်မြောက်လာကြောင်း သိရသည်။
ထို အမျိုးသမီးက ရပ်ကွက်ထဲရှိ ပြည်သူများကို အနိုင်ကျင့်လေ့ ရှိကြောင်း ၊ ပြည်ခိုင်ဖြိုး ပါတီကိုလည်း မဲထည့်ရန် စည်းရုံးလေ့ ရှိကြောင်း သိရသည်။
၂၀၂၁ ခုနှစ် နောက်ပိုင်းတွင် ဆေးပြား ဝယ်ရ အလွယ်ကူဆုံး ရပ်ကွက်သည် ရွှေတောင် ရပ်ကွက် ဖြစ်လာနေကြောင်း ကြားသိရသည်။
#PPV-006
#Humanright
#shanstate
#ရွှေတောင်ရပ်ကွက်
#ဦးသန်းရွှေ
#မူးယစ်ဆေးဝါး
ခမ်းသားငေါဝ်း Telegram ကြည့်ရန်
https://t.me/thepeoplevoicePaO
youtube channel ကြည့်ရန်
www.youtube.com/@khamsarngor7295
website ကြည့်ရန်
Tiktok ကြည့်ရန်
www.tiktok.com/@khamsar692