ခမ်းသားငေါဝ်း

သြဂုတ် ၁၈၊ ၂၀၂၅

https://www.facebook.com/share/p/16hDSixC4J/

မိုးကုတ်မြို့ အနောက်ပိုင်းရှိ ကျပ်ပြင်စျေး နာရီစင်အနီး သီလရှင်ကျောင်းကို ယနေ့ ဩဂုတ်လ ညနေ ၃ နာရီ ၁၀ မိနစ် ဝန်ကျင်အချိန်တွက် စစ်တပ်ကထပ်မံဗုံကြဲ တိုက်ခိုက်ခဲ့ကြောင်း ဒေသခံထံက သိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးကုတ်မြို့နယ်ရှိ ကျပ်ပြင်ဈေးအနီး သီလရှင်ကျောင်း အနီးတဝိုက်တွင် စစ်တပ်မှ လေကြောင်းဖြင့် ဗုံး (၂)လုံး ကြဲချ တိုက်ခိုက်မှုကြောင့် ဒေသခံတစ်ဦးထိခိုက်ပြီး နေအိမ် အချို့ ဗုံးစထိမှန်ခဲ့သည်။

“လူကတော့ တစ်ယောက်ထိတယ်၊အနောက်ပိုင်း စျေးနား နာရီဇင်နားလေးက မြေအလွတ်ထဲကြသွားတာပါ၊ နှစ်လုံးချသွားတယ်”ဟု ဒေသခံတစ်ဦးမှပြာသည်။

ထို့ပြင် ယနေ့ဩဂုတ် (၁၈)ရက်နေ့ မနက်ပိုင်းအချိန် TNLA ထိန်းချုပ်ဒေသ သီပေါမြို့ကို စစ်တပ်က လေကြောင်းဖြင့် ပေါင် (၂၅၀)ဗုံး (၂)ကြိမ် ဗုံးများထပ်မံလာရောက်ကြဲချတိုက်ခိုက်၍ပြည်သူ ၃ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ပါသည်။

PPV0013
ပုံ- အွန်လိုင်း
#လူ့အခွင့်အရေး
#မိုးကုတ်မြို့အနောက်ပိုင်း
#ကျပ်ပြင်စျေးနာရီစင်အနီး
#သီလရှင်ကျောင်း
#စစ်တပ်ကထပ်မံဗုံကြဲ

https://t.me/thepeoplevoicePaO

youtube channel ကြည့်ရန်
www.youtube.com/@khamsarngor7295

website ကြည့်ရန်

Home

You missed