ခမ်းသားငေါဝ်း
သြဂုတ် ၁၇၊ ၂၀၂၅
https://www.facebook.com/share/p/179ahgNXeo/
တောင်ကြီးမြို့ ပလီလင်းရွာမြောက်ဘက်ဒေသတွင် ခိုးမှုများ ဆက်လက်များလာသည့်အလျောက် ဖမ်းမိသူများကို ရဲတပ်ဖွဲ့မှ ခံဝန်ကတိထိုးပြီး အချုပ်အနည်းငယ်အပြီး လွှတ်ပေးခြင်းများကြောင့် ဒေသခံများက စိုးရိမ်နေကြရကြောင်းသိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ ပလီလင်းမြောက်ဘက်ရှိ ရွာအချို့တွင် သံထည်ပစ္စည်းများ(သံတို၊သံစ) များအပြင် ဆိုင်ကယ် ခိုးခံရမှု များပြားလာပြီး ဖမ်းမိသည့် သူခိုးများကို ရဲတိုင်ကြားသော်လည် ခံဝန်ကတိ ထိုးခိုင်းကာ ပြန်လွှတ်ပေး ကြောင်းသိရသည်။
“လယ်ထွန်စက်က ဂိုဒေါင်ထဲ မှာရပ်ထားတာဘက်ထရီ၊ပင်းချောင်းအကုန်ပဲ၊ ဆီကန်ကိုလည်း ဖျက် ပြီးတော့ဖောက်ထုတ်ယူသွားတာ ၊ဆီပီပါခွံက အစ အကုန်ယူသွားတာ၊ခုနေ့သွားမေးကြည့်တာ ပျောက်သွားတဲ့ပင်းချောင်းလေးတွေပဲ (၅)သိန်းကျော်တယ်”ဟု ဒေသခံတစ်ဦးမှ ခမ်းသားငါဝ်းကို ပြောသည်။
ယခုနှစ် တောင်ကြီးမြို့ပေါ်တွင်လည်း ခိုးမှုများပြားလာကြောင်းနှင့် ပလီလင်းမြောက်ဘက်ရှိ ရွာများတွင်လည်း ဒေသခံများတောင်ယာသွားချိန်နှင့် ရက်ကြီးခါကြီးရက်များနှင့် ဘုန်းကြီးကျောင်းတက်ချိန် တွင် ဆိုင်ကယ်များခိုးခံရကြောင်းသိရသည်။
“ရဲတိုင်တယ်မထူးပါဘူး၊ ဒီတိုင်းပဲပြန်လွတ်လိုက်တယ် ခံဝန်ထိုးပြီး၊ပလီလင်းဘက်မင်းတို့လုံးဝမလာနဲ့ တွေ့တာနဲ့ဖမ်းမယ် ပဲပြောတယ်၊ ရဲကအရေးမယူဘူးလေ” ဟု ဒေသခံတစ်ဦးမှ ဆက်ပြောသည်။
ထို့ပြင် သံတို၊သံစ အဟောင်းဆိုင်ရှိသည့်ရပ်ကွက်များက ပစ္စည်းပျောက်ဆုံးမှု များကြောင်း၎င်းကဆက်ပြောသည်။
တောင်ကြီးမြို့ပေါ်တွင် ဆိုင်ကယ် ပျောက်မှုများ နေ့စဉ်ဆက်တိုက် ဖြစ်ပွားနေပြီး ကျူးလွန်သူ ကို ဖမ်းဆီးနိုင်ခြင်း မရှိကြောင်းနှင့် အမှုဖွင့် သော်လည်း အလုပ်ရှုပ်၍ပိုက်ဆံသာကုန်သွားပြီး ဆိုင်ကယ် ပြန်လည်ရရှိခြင်းမရှိ ကြောင်းသိရပါသည်။
PPV0013
ပုံ-အွန်လိုင်း
#လူ့အခွင့်အရေး
#တောင်ကြီးမြို့
#ပလီလင်းကျေးရွာအချို့
#သံထည်ပစ္စည်းများ
#သံတို၊သံစများ
#ဆိုင်ကယ်ခိုးခံရမှုများပြားလာ
https://t.me/thepeoplevoicePaO
youtube channel ကြည့်ရန်
www.youtube.com/@khamsarngor7295
website ကြည့်ရန်