ခမ်းသားငေါဝ်း
သြဂုတ် ၁၅၊ ၂၀၂၅

https://www.facebook.com/share/v/175U5waf9f/

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တောင်ကြီး အေးသာယာဆင်းလမ်း ပစောက်ကွေ့မရောက်ခင်တွင် တောင်ကျရေလမ်းပေါ်ထိ ကြီးနေကြောင်း သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့တွင် သြဂုတ် ၁၅ ရက်ညနေခင်း အချိန်က မိုးအဆက်မပြတ်ရွာသွန်းမှုမှ ကျဆင်းလာသည့်တောင်ကျရေသည် ရကျောက်တုံး၊ကျောက်ခဲပါ ပါလာမှုကြောင့် မိုးဆက်လက်လက်ရွာသွန်းလျှင် သွားလာမှုမှာ အန္တရာယ်ရှိနိုင်ကြောင်း ဒေသခံက ပြောသည်။

“မနက်ပိုင်းက အဲ့လောက် မဟုတ်ဘူး။ ညနေပိုင်းလည်း ရောက်ရော ရေကျနေတာက လမ်းပေါ်ထိရောက်တာ ကျောက်ခဲကြီးတွေပါ ပါလာတယ်။ မဖြတ်ရဲလို့ ပြန်လှည့်ခဲ့ရတယ်”ဟု ဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကို ပြောသည်။

မိုးအဆက်မပြတ်ထပ်ရွာလျှင် တောင်ပြိုမှု ဖြစ်ပေါ်လာနိုင်သောကြောင့် ထိုလမ်းပိုင်း သွားလာသူများ အနေဖြင့် သတိထား သွားလာရန် ၎င်းက ဆက်ပြောသည်။

မိုးသည်းထန်မှုကြောင့် တောင်ကြီးမြို့ အနိမ့်ပိုင်း ရပ်ကွက်နှင့် မဟာသုခ တတ်ခတ်လမ်းတို့တွင်လည်း ရေကြီးနေကြောင်း သိရသည်။

ဗီဒီယို credit

#PPV0011
#flooding
#shanstate
#Taunggyi
#အဆင်းလမ်း

ခမ်းသားငေါဝ်း Telegram ကြည့်ရန်
https://t.me/thepeoplevoicePaO

youtube channel ကြည့်ရန်
www.youtube.com/@khamsarngor7295

website ကြည့်ရန်

Home