ခမ်းသားငေါဝ်း
သြဂုတ် ၁၅၊ ၂၀၂၅
https://www.facebook.com/share/p/16npBQc1JX/
TNLAထိန်းချုပ်ထားသည့် မိုးကုတ်မြို့ အရှေ့ပိုင်း လင်းရောင်ခြည်ဘုန်းကြီးကျောင်းသို့ စစ်တပ် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူ (၁၀)ဦး သေဆုံးမှုရှိပြီး (၂၀)ကျော် ဒဏ်ရာရကြောင်း သိရသည်။
မန္တလေးတိုင်းမိုးကုတ်မြို့ကို သြဂုတ်လ (၁၄)ရက် ည(၈)နာရီကျော် အချိန်က စစ်တပ်မှ လေကြောင်းဖြင့် ပေါင်(၅၀၀)ဗုံးကြဲချတိုက်ခိုက်ခဲ့၍ လင်းရောင် ခြည်ဘုန်းကြီးကျောင်းနှင့် အနီးပတ်ဝန်းကျင်ရှိ ကလေးငယ်အပါအဝင် သေဆုံးမှုများပြီး သေဆုံးသူအချို့ အလောင်းရှာမရသည့် အခြေအနေထိ ဖြစ်သွားကြောင်း သိရသည်။
“သေဆုံးသူ (၁၀)ယောက်လောက်ရှိမယ်၊ အမျိုးသမီးများတယ်၊ တချို့ တစစီ ဖြစ်သွားတဲ့ အထိ ဖြစ်တယ်။ထိခိုက်သူက (၂၀)ရှိမယ်၊ မနက်မိုးလင်းတဲ့ထိ လေကြောင်းက ဝဲနေတုန်း”ဟု ဒေသခံက ပြောသည်။
စစ်တပ်သည် TNLA ထိန်းချုပ်ရာ ဒေသသို့ လေကြောင်းတိုက်ခိုက်မှု မကြာခဏ လုပ်ဆောင်နေကြောင်း သိရသည်။
ပြီးခဲ့သည့် သြဂုတ်လ (၉)ရက်နေ့ကလည်း မိုးကုတ်မြို့ကို စစ်တပ်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကိုရင်(၁)ပါးအပါအဝင် စုစုပေါင်း(၅)ဦး သေဆုံးခဲ့ရကြောင်း သိရသည်။
မိုးကုတ်မြို့သည့် TNLAနှင့် ပူးပေါင်းတပ်ဖွဲ့မှ (၁၀၂၇) ဒုတိယ စစ်ဆင်ရေးမှာ တိုက်ခိုက်သိမ်းပိုက်ထားသည့် မြို့ဖြစ်သည်။
TNLA အနေဖြင့် ၎င်းတို့ထိန်းချုပ်ရာ ဒေသသို့ စစ်တပ်မှ မကြာခဏ လေကြောင်းဗုံးကြဲတိုက်ခိုက်နေမှုကြောင့် ဒေသခံများ အနေဖြင့် လေကြောင်းရန်မှ ကာကွယ်နိုင်ရန် သတိထားနေကြဖို့ တိုက်တွန်းထားသည်ကို တွေ့ရသည်။
#PPV0011
#khamsarngor
#Humanright
#မိုးကုတ်
#စစ်တပ်ဗုံးကြဲ
ခမ်းသားငေါဝ်း Telegram ကြည့်ရန်
https://t.me/thepeoplevoicePaO
youtube channel ကြည့်ရန်
www.youtube.com/@khamsarngor7295
website ကြည့်ရန်