ခမ်းသားငေါဝ်း
သြဂုတ် ၁၅၊၂၀၂၅
https://www.facebook.com/share/p/1JxX6FPXBY/
ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA က မိုးကုတ်မြို့တွင် ဂေါ်ရခါးလူမျိုးများနှင့် တွေ့ဆုံဆွေးနွေးပြီး စစ်မှုထမ်းအဖြစ် အဆင်သင့်မဖြစ်သေးသော လူဦးရေ ၈၄ ဦးကို မိဘနှင့်သက်ဆိုင် ရာတာဝန်ရှိသူထံ အပ်နွှပေးခဲ့ကြောင်း သိရသည်။
အဆိုပါ တွေ့ဆုံပွဲကို သြဂုတ်လ ၁၄ ရက်နေ့တွင် တပ်မဟာ (၄) နယ်မြေ၊ မိုးကုတ်မြို့၌ ကျင်းပခဲ့ပြီး PSLF/TNLA အထွေထွေအတွင်းရေးမှူး(၁) ဗိုလ်မှူးချုပ် တားအိုမ်တမာဝ်း ဦးဆောင်ခဲ့သည်။
PSLF/TNLA အရာရှိများက ဂေါ်ရခါးလူမျိုးအဖွဲ့ဝင်များကို တရားဥပဒေစိုးမိုးရေး၊ ဒေသတည်ငြိမ်ရေးနှင့် ရပ်ရွာဖွံဖြိုးရေး လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ရန် ဖိတ်ခေါ်ခဲ့သည်။
သတင်းရင်းမြစ်များက ဤပြန်လွှတ်မှုသည် ဒေသခံလူထုနှင့် ငြိမ်းချမ်းမှုဆက်ဆံရေးတိုးတက်စေရန်၊ ကန့်ကွက်မှုများကိုလည်း လျော့ပါးစေရန်ဖြစ်နိုင်ကြောင်း ဆိုသည်။
တွေ့ဆံပွဲတွင် PSLF/TNLA အရာရှိဖြစ်သည့် တွဲဖက်အထွေထွေအတွင်းရေးမှူး(၁) ဗိုလ်မှူး ချုပ် တားအိုမ်တမာဝ်း၊ ဒုစစ်ဦးစီးချုပ် ဗိုလ်မှူး ချုပ် တားဂေါင်ဆဲင်နှင့်တာဝန်ရှိသူများ၊ မြို့နယ်ဌာနဆိုင်ရာများနှင့် မိဘပြည်သူလူထုစုံစုစုပေါင်း ၂၀၀ ကျော် ပါဝင်ခဲ့ကြောင်း TNLA ထုတ်ပြန်ချက်အရသိသည်။
#ppv002
#politics
#TNLA
#မိုးကုတ်
#ဂေါ်ရခါး
#စစ်မှုထမ်း
ခမ်းသားငေါဝ်း Telegram ကြည့်ရန်
https://t.me/thepeoplevoicePaO
youtube channel ကြည့်ရန်
www.youtube.com/@khamsarngor7295
website ကြည့်ရန်