ခမ်းသားငေါဝ်း
သြဂုတ် ၁၅၊ ၂၀၂၅

https://www.facebook.com/share/p/19WXaZDvB8/

စစ်တပ်မှ တအောင်းတပ်မတော်-PSLF/TNLA ထိန်းချုပ်ဒေသသို့ ဇွန်လမှ သြဂုတ်(၁၃) ရက်အထိ လေကြောင်း တိုက်ခိုက်မှုကြောင့် ပြည်သူ (၆၀) နီးပါး သေဆုံးမှုရှိသည့်အပေါ် တအာင်းအရပ်ဖက်အဖွဲ့အစည်းများကွန်ယက်- (TCSN) က ကန့်ကွက်ရှုတ်ချကြောင်း ထုတ်ပြန်ထားသည်။

TNLA ထိန်းချုပ်ရာ ဒေသဖြစ်သည့် မိုးကုတ်၊ ကွတ်ခိုင်၊ သီပေါ၊ မိုင်းလုံ၊ မိုင်းငေါ့၊ ကျောက်မဲ၊ နောင်ချိုမြို့နယ်များတွင် လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုကြောင့် စစ်ဘေးရှောင် ကလေးငယ် (၁၃)ဦး အပါ ပြည်သူ (၅၆)ဦး သေဆုံးမှု ရှိကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ထို့အပြင် စစ်တပ်က လေကြောင်း တိုက်ခိုက်မှုကြောင့် ကလေးငယ်(၈)ဦး အပါ (၁၃၆)ဦး အပြင်းအ ထန်ဒဏ်ရာရကာ နေအိမ်(၂၁၈)အိမ်၊ စာသင် ကျောင်း (၈)ကျောင်း၊ သာသနာအဆောက်အဦး (၈)ခု၊ ဆေးရုံ (၃)ခု၊ ဟိုတယ်(၃)ခု၊ အခြားအ ဆောက်အအုံ (၂၃)ခု ထိခိုက် ပျက်စီးခဲ့ကြောင်း သိရသည်။

တဖက်တွင်လည်း တရုတ်အစိုးရသည် စစ်တပ်နှင့် ပူးပေါင်းကာ TNLA ထိန်းချုပ်ထားသည့် ဒေသများကို ပြန်ပေးရေးအတွက် နိုင်ငံရေး၊ စစ်ရေး ဖိအားပေးမှု ရှိနေသည့်အပြင် လူသုံးကုန်ပစ္စည်း၊ စားသောက်ကုန် ဖြတ်တောက်မှု၊ ဆေးဝါး ဖြတ်တောက်မှု၊ နယ်စပ်ကုန်သွယ်ရေးနှင့် ဆက်သွယ်ရေး ဖြတ်တောက်မှု နည်းလမ်းမျိုးစုံဖြင့် ဆက်တိုက် ဖိအားပေးနေမှု ရှိကြောင်း ဖော်ပြထားသည်။

၎င်းအ ပြင် တရုတ်အစိုးရက စစ်တပ်ထံ စစ်လက်နက်ပစ္စည်း၊ နည်းပညာ ကူညီထောက်ပံ့ပေး နေသည့် အပြင် စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် နိုင်ငံတကာ ရာဇဝတ်မှုများအတွက် ပိုမိုအားဖြည့်ပေးနေ ကြောင်း ဖော်ပြထားသည်။

ထို့ကြောင့် စစ်တပ်၏ အကြမ်းဖက်မှုကို ရပ်တန့်ရန် စစ်တပ်ထံ လေယာဉ်ဆီအပါအဝင် ခေတ်မှီ စစ်လက်နက်ပစ္စည်း ထောက်ပံ့ပေးနေသည့် နိုင်ငံများ၊ လုပ်ငန်းရှင်များ၊ ခရိုနီများနှင့် အိမ်နီးချင်းနိုင်ငံများထံ ချက်ချင်း ရပ်တန့်ရန်နှင့် စီးပွားရေး လမ်းကြောင်း ပိတ်ဆို့ပေးရန် တောင်းဆိုထားသည်။

စစ်တပ်မှ နိုင်ငံတကာ ချမှတ်ထားတဲ့ ဥပဒေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေမှုအပေါ်လည်း နိုင်ငံတကာ ရာဇဝတ်ခုံရုံးသို့ အမြန်ဆုံး အရေးယူနိုင်ဖို့ ဖိအားပေးမှု လုပ်ဆောင်ရန် တောင်းဆိုထားသည်။

စစ်ဘေးဒုက္ခခံစားနေရသည့် ပြည်သူများအတွက် လူသားချင်းစာနာ ထောက်ထားမှု အကူအညီပေးရန်နှင့် မြန်မာနိုင်ငံ၏ အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေး အတွက် ဖက်ဒရယ်ယူနစ်များ ဒေသန္တရအစိုးရ အဖွဲ့များနှင့်အတူ အသိအမှတ်ပြု လက်တွဲ လုပ်ဆောင်ရန် ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံများနှင့် နိုင်ငံတကာ အသိုင်းအဝန်းအား (TCSN) က တောင်းဆိုထားသည်။

#Ppv0011
#Khamsarngor
#TCSN
#shanstate
#political
#TNLA

ခမ်းသားငေါဝ်း Telegram ကြည့်ရန်
https://t.me/thepeoplevoicePaO

youtube channel ကြည့်ရန်
www.youtube.com/@khamsarngor7295

website ကြည့်ရန်

Home