ခမ်းသားငေါဝ်း
သြဂုတ် ၁၄၊ ၂၀၂၅
https://www.facebook.com/share/p/1EtLuAMPrg/
တိုင်းရင်းသား ကိုဂုဏ်ပြုသည့်အနေဖြင့်သြဂုတ်လ ၁၄ ရက်နေ့က တောင်ကြီးမြို့ VX Tea House တွင် အပြည်ပြည်ဆိုင်ရာ ဌာနေတိုင်းရင်းသားများနေ့အခမ်းအနားကျင်းပပြုခဲ့ကြောင်းကြောင်းသိရပါသည်။
အဆိုပါပွဲကို ကျွန်းတစ်ထောင်မြေ ဖောင်းဒေးရှင်းမှ တိုင်းရင်းသားများ၏ အကျိုးစီးပွား၊ ယဉ်ကျေးမှုနှင့် အခွင့်အရေးများကို ဂုဏ်ပြုလေးစားရန် ရည်ရွယ်၍ ပြုလုပ်ခဲ့ခြင်းဖြစ် ကြောင်းကျွန်းတစ်ထောင်မြေဖောင်းဒေးရှင်း ၏ ဒါရိုက်တာ နန်းဝါနု ထံမှသိရပါသည်။
“တိုင်းရင်းသားတွေကို ဂုဏ်ပြုသော အားဖြင့် အပြည်ပြည်ဆိုင်ရာ ဌာနေ တိုင်းရင်းသားနေ့ ပြုလုပ်ခဲ့ခြင်းဖြစ်ပါတယ်” ဟု ကျွန်းတစ်ထောင်မြေဖောင်းဒေးရှင်း ၏ ဒါရိုက်တာ နန်းဝါနုမှ ပြောသည်။
၎င်းပွဲတွင် ဒေသထွက် စီးပွားရေးထုတ်ကုန်များကို ခင်းကျင်းပြသခဲ့ပြီး ရှမ်းပြည်နယ်တောင်ပိုင်းမှ လုပ်ငန်းရှင်များ၊ ကုန်သည်များ၊ အရပ်ဖွံ့ဖြိုးရေးအဖွဲ့အစည်းများနှင့် ဒေသခံတိုင်းရင်းသားများ တက်ရောက်ပါဝင်ခဲ့ကြသည်။
#PPV0013
#အပြည်ပြည်ဆိုင်ရာဌာနေတိုင်းရင်းသားများနေ
#shanstate
#Taunggyi
#ထုတ်ကုန်
ခမ်းသားငေါဝ်း Telegram ကြည့်ရန်
https://t.me/thepeoplevoicePaO
youtube channel ကြည့်ရန်
www.youtube.com/@khamsarngor7295
website ကြည့်ရန်