ခမ်းသားငေါဝ်း
သြဂုတ် ၁၄၊ ၂၀၂၅
https://www.facebook.com/share/p/1CPWpRpFnB/
အမျိုးသမီး စစ်မှုထမ်းအပတ်စဉ်(၁)ကို စတင်ဖွင့်လှစ်နေပြီ ဖြစ်ကြောင်း Myanmar Defense & Security Institute- MDSI က သတင်းထုတ်ပြန်ထားသည်။
ပြည်သူ့စစ်မှုထမ်း (အမျိုးသမီး) သင်တန်းကို မှော်ဘီမြို့ အခြေစိုက် အမှတ်(၄) အရာခံနှင့် အကြပ်ကြီးသင်တန်းကျောင်း (ရကသ-၄)တွင် ဖွင့်လှစ်နေပြီး သတင်းပေါက်ကြားမှု မရှိအောင် တင်းတင်းကြပ်ကြပ်ထားရှိ လုပ်ဆောင်နေကြောင်း ထုတ်ပြန်ထားသည်။
“အမျိုးသမီး စစ်မှုထမ်းအပတ်စဉ်(၁)ကို ဖွင့်ခဲ့တာ (၂)လောက်လောက်ရှိနေပြီ”ဟု တပ်တွင်းသတင်းရင်းမြစ်က ဖြေကြားထားသည်ကို ဖော်ပြထားသည်။
အမျိုးသမီးစစ်မှုထမ်းသင်တန်းအတွက် စစ်တပ်သည် နိုင်ငံအနှံ့တွင် အမျိုးသမီးငယ်များကို စစ်မေးဖမ်းဆီးခြင်း၊ မြို့ရွာ ရပ်ကွက်အလိုက် စာရင်းကောက်ခံ ခေါ်ယူခြင်းများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
ထို့အပြင် အမျိုးသမီး စစ်မှုထမ်း ဖမ်းဆီးခေါ်ဆောင်မှုကြောင့် ရန်ကုန်မြို့နှင့် အချို့ဒေသများတွင် အမျိုးသမီးငယ် ပျောက်ဆုံးမှုများ ရှိလာကြောင်း သိရသည်။
ရကသ-၄ သည် တပ်ကြပ်ကြီး/စာရေး (အမျိုးသမီး) သင်တန်းနှင့် အခြေခံတပ်သားသစ်(အမျိုးသမီး)သင်တန်းကို ပုံမှန်ဖွင့်လှစ် လေ့ကျင့်ပေးနေသည့် အမျိုးသမီးစစ်သင်တန်းကျောင်း ဖြစ်ကြောင်း သိရသည်။
PPV0011
ပုံ-အွန်လိုင်း
#လူ့အခွင့်အရေး
#အမျိုးသမီးအရေး
#ပြည်သူ့စစ်မှုထမ်းသင်တန်း
#မှော်ဘီမြို့
#သတင်းပေါက်ကြားမှု
https://t.me/thepeoplevoicePaO
youtube channel ကြည့်ရန်
www.youtube.com/@khamsarngor7295
website ကြည့်ရန်