ခမ်းသားငေါဝ်း
သြဂုတ် ၁၂၊ ၂၀၂၅

https://www.facebook.com/share/p/19k5pNXWb2/

မြန်မာနိုင်ငံရှိ လူငယ်(၁၀)ဦးတွင် (၄)ဦးက ပြည်ပ၌ ရွေ့ပြောင်းနေထိုင်လိုကြောင်း ကမ္ဘာ့ကုလသမဂ္ဂဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ် (UNDP)ကထုတ်ပြန်သည့် အစီရင်ခံစာအရ သိရသည်။

ဩဂုတ်လ (၁၂)ရက် ယနေ့ကျ‌သည့် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့တွင် (UNDP)မှ အခက်ခဲဆုံးကာလသို့ လျှောက်လှမ်းနေကြရသည့် လူငယ်များ၏ မျှော်လင့်ချက်၊ စိုးရိမ်ပူပန်မှု၊ ရွှေ့ပြောင်းနေထိုင်မှု အကြောင်းနှင့် ပတ်သက်ပြီး ထုတ်ပြန်ထားသည်။

နိုင်ငံအတွင်း လူငယ် (၁၀)ဦးသည် (၄)ဦးက စီးပွားရေးပြိုလဲမှု၊ ပဋိပက္ခနှင့် စစ်မှုထမ်းခေါ်ယူမှုတို့ကြောင့် မြန်မာနိုင်ငံမှ ထွက်ခွာသွားလိုကြောင်း (UNDP)၏ အစီရင်ခံစာတွင် ပါရှိသည်။

ထိုအစီရင်ခံစာသည် နိုင်ငံတဝန်းရှိ လူငယ် (၇,၀၀၀) ကျော်၏ အမြင်များကို စုဆောင်းရယူထားသည့် (Myanmar Youth Survey 2024) တွင် ကောက်ယူထားသည့် အစီရင် ခံစာဖြစ်ကြောင်း သိရသည်။

ပညာအရည်အချင်းရှိ လူငယ်များ၏ (၅၃)ရာခိုင် နှုန်း သည် နိုင်ငံအတွင်းက ထွက်ခွာရန် ဆန္ဒရှိနေကြပြီး ကျန်းမာ‌ရေး၊ ပညာရေးနှင့် အင်ဂျင်နီယာစသည့် ကဏ္ဍများက ပြည်တွင်းလုပ်သား ရှားပါးလာနိုင်ခြေရှိကြောင်း သတိပေးထားသည်။

ထို့အပြင် လူငယ်(၄၇)ရာခိုင်နှုန်းသည် စာရွက်စာ တမ်းအပြည့်အစုံ မရှိသဖြင့် လုံခြုံရေး အာမခံချက်မရှိသော လမ်းကြောင်းမှတဆင့် ပြည်ပသို့ ထွက်ခွာနေကြရကြောင်း ဆိုသည်။

(၂၀၂၁) ခုနှစ်ကစပြီး မြန်မာနိုင်ငံမှ လူငယ် (၃)သိန်း မှ (၅)သိန်းကြား နိုင်ငံခြားသို့ ထွက်ခွာသွား ကြပြီ ဖြစ်‌ကြောင်း အချက်အလက်အရသိရသည်။

အစီရင်ခံစာတွင် လူငယ်များ၏ နိုင်ငံနှင့် နေအိမ်အပေါ် ခင်တွယ်မှုကိုတွေ့ရပြီး ရွှေ့ပြောင်း လူငယ် (၉၀)ရာခိုင်နှုန်း နီးပါးသည် နိုင်ငံ၏ နိုင်ငံရေး၊စီးပွားရေး ပြန်လည်ကောင်းမွန်လာပါက ပြန်လာကြမည် ဖြစ်ကြောင်း ဖော်ပြထားသည်ကို တွေ့ရသည်။

မြန်မာနိုင်ငံတွင် စစ်တပ်က နိုင်ငံအတွင်း အသက် (၁၈)နှစ်မှ (၃၅)အတွင်း လူငယ်များကို ပြည်ပထွက်ခွာခွင့် တားမြစ်ပိတ်ပင်ထားဆဲ ဖြစ်သည်။

#PPV0011
#youth
#Khamsarngor
#လူငယ်
#UNDP

ခမ်းသားငေါဝ်း Telegram ကြည့်ရန်
https://t.me/thepeoplevoicePaO

youtube channel ကြည့်ရန်
www.youtube.com/@khamsarngor7295

website ကြည့်ရန်

Home