ခမ်သားငေါဝ်း
သြဂုတ် ၁၂၊ ၂၀၂၅
https://www.facebook.com/share/p/1CgEjyZWGF/
နိုင်ငံတစ်ဝှမ်းတွင် ဇူလိုင်လအတွင်း စစ်တပ်၊ရဲ၊ ပြည်သူ့စစ်များမှ အလင်းဝင်ရောက်လာသူ ၁၃၂ ဦးရှိကြောင်း ပြည်သူ့ပန်းတိုင်အဖွဲ့မှ ထုတ်ပြန်ထားသည်။
အလင်းဝင်ရောက်လာသူများတွင် စစ်သား ၁၀၉ ဦးဖြစ်ပြီး အဆိုပါစစ်သား ၁၀၉ ဦးအနက် ၈၀ ဦးမှာ စစ်မှုထမ်းတပ်သားသစ်များဖြစ်ကာ ရဲ ၅ ဦး နှင့် ပြည်သူ့စစ် မှ ၁၈ ဦးတို့ဖြစ်ပြီး ကြောင်းဖော်ပြထားသည်။
ထို့အပြင် အဆိုပါကာလအတွင်း စစ်တပ်၊ ရဲ ၊ ပြည်သူ့စစ်မှု စစ်သုံ့ပန်းအဖြစ်ဖမ်းဆီးခံရသူ ၁၁၁ ဦးရှိကြောင်းဖော်ပြထားသည်။
စစ်သုံ့ပန်းအဖြစ်ဖမ်းဆီးခံရသူများမှာ စစ်သား ၁၀၆ ဦးပါဝင်ပြီး ၆ ဦးမှာစစ်မှုထမ်းတပ်သားသစ်များဖြစ်ကာ ရဲ ၂ ဦးနှင့်ပြည်သူ့စစ် ၃ ဦးဖြစ်ကြောင်းဖော်ပြထားသည်။
ပြည်သူ့ပန်းတိုင်အဖွဲ့ ကောက်ယူထားသောမှတ်တမ်းများအရ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှ ဇူလိုင်လအထိ စစ်တပ်၊ ရဲ၊ ပြည်သူ့စစ်များမှ အလင်းဝင်၊ လက်နက်ချ၊ စစ်သုံ့ပန်းအဖြစ်ဖမ်းဆီးခံရသူ စုစုပေါင်း ၁၇၃၅ ဦးရှိကြောင်းထုတ်ပြန်ထားသည်။
PPV 003
#လူ့အခွင့်အရေး
#နိုင်ငံတစ်ဝှမ်း
#စစ်တပ်
#ရဲ
#ပြည်သူ့စစ်များ
#အလင်းဝင်ရောက်လာ
#ပြည်သူ့ပန်းတိုင်အဖွဲ့
https://t.me/thepeoplevoicePaO
youtube channel ကြည့်ရန်
www.youtube.com/@khamsarngor7295
website ကြည့်ရန်