ခမ်းသားငေါဝ်း
သြဂုတ် ၁၃၊ ၂၀၂၅
https://www.facebook.com/share/p/1VyTwRKJop/
တောင်ကြီးတွင် ရပ်ကွက်အလိုက် ကောက်ခံနေကြသည့် စစ်မှုထမ်းကြေးကိုတိုးမြှင့် ပေးသွင်းရန် ညွှန်ကြားထားပြီး အချိန်မှီပေးသွင်းရန် သတ်မှတ်ထားကြောင်း သတင်းရင်းမြစ်ထံမှ စုံစမ်းသိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ရှိ ရပ်ကွက် အလိုက် နယ်မြေမှူးများ ၊ စစ်မှုထမ်း သတ်မှတ် နှုန်းထားအလိုက် ပေးသွင်းရမည်ဟု ဆိုကာ အချိန်မှီ ပေးသွင်းမှု မရှိလျှင် နေအိမ်အထိလာရောက် ဆွဲခေါ်မှုများ လုပ်ဆောင်လိမ့်မည် ဟုလည်း ခြိမ်းခြောက် ပြောဆိုကြောင်းသိရသည်။
“အရင်ကဆိုရင် အဲ့လောက် မတင်းကြပ်ဘူး။ အခု သားသမီး မရှိလည်း ထည့်ဝင်ပေးရတယ်။ လစဉ်လတိုင်း ကောက်ခံရမယ်လို့ သတ်မှတ်ထားတယ်။ အောက်ခြေက ဘယ်လောက် ကောက်လဲ သိချင်လို့ အထက်ကလည်း စုံစမ်းတာရှိတယ်။”ဟု သတင်းရင်းမြစ် က ဆိုသည်။
တောင်ကြီးမြို့တွင် ဘုရားဖြူ နှင့် ကျောင်းကြီးစု အကြီးဆုံးရပ်ကွက်ဖြစ်ပြီး၊ ဘုရားဖြူ ရပ်ကွက်တွင် နယ်မြေ နှင့် ကျေးရွာ အများဆုံး ဖြစ်ကာ ၊ ကျောင်းကြီးစု ရပ်ကွက်တွင် နယ်မြေ ၁၃ ခု၊ ရာအိမ်မှူး ၄၂ ဦးထိ ရှိကြောင်းသိရသည်။
တောင်ကြီးမြို့ရှိ တချို့ ရပ်ကွက်များတွင် စစ်မှု ထမ်း မဲပေါက်သူများ ငွေကျပ်သိန်းချီ ထည့်ဝင်ရခြင်း ရှိကာ ၊ ရပ်ကွက်အလိုက် တစ်အိမ်လျှင် သုံးသောင်းကျပ် အနည်းဆုံး ထည့်ဝင်ရခြင်း ရှိကြောင်း ကြား သိရသည်။
တချို့ စစ်မှုထမ်း လိုက်ပါသွားသော လူငယ်များ သည် ရှေ့တန်း တိုက်ပွဲများတွင် ကျဆုံးမှုများ ရှိသလို ပြန်လာနိုင်ခြင်း မရှိတော့ကြောင်း သိရသည်။
ရပ်ကွက်တွင်းရှိ ရာအိမ်မှူး တစ်ဦးလျှင် ၁၅ သိန်းကျပ် ပေးသွင်းရမည်ဟု အထက်မှ တာဝန်ပေးထားကြောင်း ၊ တချို့ ကောက်ခံနိုင်ခြင်း မရှိသော ရာအိမ်မှူးများမှ ရရှိသလောက်ကိုသာ ပေးသွင်းသွားမည် ဖြစ်ကြောင်း သိရသည်။
တောင်ကြီးမြို့တွင် ရပ်ကွက်ပေါင်း ၂၂ ရပ်ကွက် ၊ ကျေးရွာအုပ်စု ၁၇ ခု၊ ကျေးရွာပေါင်း ၂၂၉ ရွာရှိပြီး အေးသာယာမြို့တွင် ရပ်ကွက်ပေါင်း ၁၂ ရပ်ကွက်၊ ရွှေညောင်တွင် ၁၁ ရပ်ကွက်၊ ကျောက်တစ်လုံးကြီးတွင် ရပ်ကွက်ပေါင်း ၆ ခု ၊ ကျေးရွာအုပ်စုပေါင်း ၇ ခု၊ ကျေးရွာပေါင်း ၁၄၂ ရွာ ရှိကြောင်း ဒေသ အချက်အလက် အရ သိရသည်။
တောင်ကြီးမြို့နယ်တွင် တောင်ကြီးမြို့၊ အေးသာယာမြို့ နှင့် ရွှေညောင်မြို့၊ ကျောက်တစ်လုံးကြီး မြို့ဟူ၍ မြို့လေးမြို့ ပါဝင်ကာ လူဦးရေ လေးသိန်းခွဲ ကျော် နေထိုင်ကြောင်း ဒေသ အချက်အလက် အရ သိရသည်။
#PPV-006
#shanstate
#Khamsarngor
#reject military
#စစ်မှုထမ်းစရိတ်
#Taunggyi
ခမ်းသားငေါဝ်း Telegram ကြည့်ရန်
https://t.me/thepeoplevoicePaO
youtube channel ကြည့်ရန်
www.youtube.com/@khamsarngor7295
website ကြည့်ရန်