ခမ်းသားငေါဝ်း
သြဂုတ် ၁၂၊ ၂၀၂၅
https://www.facebook.com/share/p/19GyuDuZHU/
ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တပ်ရင်းအမှတ် (၃၄) မှ ဒုတပ်စုမှုးတစ်ဦး တိုက်ပွဲတွင်းကျဆုံးသွားကြောင်း သြဂုတ်လ ၁၁ ရက်နေ့တွင် KNDF B-34 ကထုတ်ပြန်ထားသည်။
KNDF တပ်ရင်း (၃၄) တွင်တာဝန်ထမ်း ဆောင်နေသော ဒု-တပ်စုမှူး ရဲဘော်ခွန်မီရယ်သည် ၂၀၂၅ ခုနှစ်၊ သြဂုတ်လ ၈ ရက်နေ့တွင် စစ်ကောင်စီကို ရင်ဆိုင်တိုက်ခိုက်ရင်းကျဆုံးသွားကြောင်းဖော်ပြထားသည်။
ဒု-တပ်စုမှူး ရဲဘော်ခွန်မီရယ်သည် ၂၀၂၄ခုနှစ်၊ အောက်တိုဘာလ ၁၈ ရက်နေ့တွင် KNDF တပ်ရင်း (၃၄) သို့ဝင်ရောက်ခဲ့ချိန်မှစပြီး တပ်ရင်းမှပေးအပ်သောတာဝန်များကို ကျေပွန်စွာထမ်းဆောင်နိုင်ခဲ့ကြောင်းဆိုသည်။
ဒီမိုကရေစီအရေးကိုရှေးရှူပြီး အသက်ကိုပေးဆပ်သွားသော ဒုတပ်စုမှူးရဲဘော်ခွန်မီရယ် အား KNDF မှ သူရဲကောင်းအဖြစ်မှတ်တမ်းတင်အပ်ကြောင်းဖော်ပြထားသည်။
#PPV 003
#KNDF
#policies
#karenni
#Khamsarngor
ခမ်းသားငေါဝ်း Telegram ကြည့်ရန်
https://t.me/thepeoplevoicePaO
youtube channel ကြည့်ရန်
www.youtube.com/@khamsarngor7295
website ကြည့်ရန်