ခမ်းသားငေါဝ်း

သြဂုတ် ၁၁၊ ၂၀၂၅

https://www.facebook.com/share/p/16a5n9NdG2/

မြန်မာနိုင်ငံအနှံ့ ယခုရက်သတ္တပတ်အတွင်း မိုးထစ်ချုန်းရွာသွန်းနိုင်ပြီး ရေကြီး၊ မြေပြိုမှုဖြစ်ပါ်နိုင်သဖြင့်သတိပြုသင့်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ယနေ့ သြဂုတ်လ (၁၁) ရက်နေ့ တွင်ထုတ်ပြန်ထားသည်။

ယခုတစ်ပတ်အတွင်း ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ် ခြေအနေတို့တွင် အနောက်တောင် မုတ်သုံလေသည် အားကောင်းရာမှ အားအလွန်ကောင်းသဖြင့် ဘင်္ဂလားပင်လယ်အော် အနောက် အနောက်မြောက်ပိုင်းနှင့် နီးစပ်လျက်ရှိသော ဒေသအနီးတွင် လာမည့် (၁၃)ရက်နေ့ခန့်တွင် လေဖိအားနည်းရပ်ဝန်း (၁)ခု ဖြစ်ပေါ်နိုင်ပါသည်။

ထို့ကြောင့် မိုးအခြေနေသည် ရှမ်းပြည်နယ်အပါ ကချင်၊ချင်း၊ ရခိုင်၊ ကရင်နီ၊ ကရင်၊ မွန်ပြည်နယ်နှင့် နေပြည်တော်၊ စစ်ကိုင်း၊ မန္တလေး၊မကွေး၊ရန်ကုန်၊ပဲခူး၊ ဧရာဝတီ၊တနင်္သာရီတိုင်းတို့တွင် သြဂုတ်လ (၁၁)ရက်မှ (၁၇)ရက်‌နေ့အထိ နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်း ရွာနိုင်ကြောင်း ဖော်ပြထားသည်။

ထို့အပြင် ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်မြောက်ပိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ မန္တလေးတိုင်း၊ တနင်္သာရီတိုင်း၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း ဆက်လက် ဖော်ပြထားသည်။

၎င်း မိုးကြီးမှုကြောင့် မြို့ပြရေလွှမ်းမိုးခြင်း၊ မြေပြိုခြင်း၊ တောင်ပြိုခြင်းနှင့် မြစ်ဝကျွန်းပေါ်ဒေသများတွင် ကမ်းပါးပြိုခြင်း ဖြစ်ပေါ်နိုင်သဖြင့် အထူးသတိပြုကြရန် အသိပေးထားပါသည်။

PPV0013
ပုံ-အွန်လိုင်း
#မိုးလေဝသ
#မိုးထစ်ချုန်းရွာသွန်းနိုင်
#ရေကြီး
#မြေပြိုမှုဖြစ်ပါ်နိုင်
#အမျိုးသားညီညွတ်ရေးအစိုးရ
#NUG

https://t.me/thepeoplevoicePaO

youtube channel ကြည့်ရန်
www.youtube.com/@khamsarngor7295

website ကြည့်ရန်

Home

You missed