ခမ်းသားငေါဝ်း

သြဂုတ် ၁၁၊ ၂၀၂၅

https://www.facebook.com/share/p/1ENQaNCYfM/

တောင်ကြီးမြို့ပေါ်တွင် လိုင်စင်မဲ့ယာဉ်များတင်းကျပ်စွာဖမ်းဆီးလာခြင်း VPN နှင့် မှတ်ပုံတင်အထိ စစ်ဆေးမှု ပြုလုပ်လာကြောင်း ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌မြို့ခံများထံမှသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ပေါ်တွင် လိုင်စင်မဲ့ ယာဉ်များ ဖမ်းဆီးမှုသည့် နေစဉ်ရက်ဆက် ပြုလုပ်လာပြီး ကား၊ ဆိုင်ကယ် လိုင်စင် စစ်ဆေးချိန် ဖုန်းတွင် VPN အပြင် မှတ်ပုံတင်ပါစစ်ဆေး ကြောင်းသိရသည်။

“ဦးထုပ်ဆောင်းထားလည်း တားတာပဲကွာ၊ ဖုန်းစစ်၊ VPN စစ်၊ ဖျက်ထားရင်လည်း မဖြစ်နိုင်ဘူးဆိုပြီး ပြောတာ မြို့မှာနေပြီးတော့ ဆိုပြီး စစ်တယ် မှတ်ပုံတင်လည်း စစ်တယ်” ဟု မြို့ခံတစ်ဦးမှပြောသည်။

အဆိုပါ လိုင်စင်ယာဉ်ဖမ်းဆီးမှုကို ရဲတပ်ဖွဲ့၊ စစ်ကောင်စီစစ်တပ်နှင့် မော်တော်ယာဉ်ဌာနတို့ ပေါင်းစည်းပြီး တနေ့သုံးနေရာလောက်တွင် ပြင်းပြင်းထန်ထန်စစ်ဆေးဆောင်ရွက်နေကြောင်း သိရသည်။

“တားရင်ကို ကြောက်နေပြီ ဘာမှာမလုပ်ထားလည်း စိုးရိမ်ပူပန်တာပေါ့ တစ်ခုမဟုတ် တစ်ခုက ရစ်မှပဲလေ မှတ်ပုံတင်ပါသွားလည်း ၊သူတို့က တားလိုက်ပြီးဆိုရင် တစ်ခုမဟုတ် တစ်ခုကတော့ စစ်မှာပဲ”ဟု မော်တော်ယာဉ်မောင်းနှင်းတစ်ဦးမှပြောသည်။

စစ်ကောင်စီသည် ဆိုက်ဘာလုံခြုံရေးဥပဒေကို ၂၀၂၅ ဇန်နဝါရီ ၁ ရက်တွင် ပြဋ္ဌာန်းခဲ့ပြီး ခွင့်ပြုချက် မရှိဘဲ VPN တည်ထောင်ခြင်းနှင့် အွန်လိုင်းလောင်းကစား ပြုလုပ်လျှင် ထောင်ဒဏ်နှင့် ငွေဒဏ်များ ချမှတ်နိုင်သည့်အချက်များ ပါဝင်သည်။

ပြစ်မှု၊ပြစ်ဒဏ်များအနေဖြင့် ဝန်ကြီးဌာန၏ ခွင့်ပြုချက်၊လိုင်စင် ရယူခြင်းမရှိဘဲ VPN ထူထောင်ခြင်း (သို့မဟုတ်) VPN ဝန်ဆောင်မှုများ၊ ဆိုက်ဘာလုံခြုံရေးဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများ လုပ်ပါက အနည်ဆုံး (၁)လ မှ အများဆုံး (၆)လထိ ထောင်ဒဏ်၊ ကျပ် ၁၀ သိန်း မှ ကျပ်သိန်း ၁၀၀ ထက် မပိုသော ငွေဒဏ်၊ ဒဏ်နှစ်ရပ်လုံး ချမှတ်နိုင်ကြောင်းသိရသည်။

PPV0013
ပုံ-အွန်လိုင်း
#လူ့အခွင့်အရေး
#တောင်ကြီးမြို့
#လိုင်စင်မဲ့ယာဉ်များတင်းကျပ်စွာဖမ်းဆီး
#VPN
#မှတ်ပုံတင်

https://t.me/thepeoplevoicePaO

youtube channel ကြည့်ရန်
www.youtube.com/@khamsarngor7295

website ကြည့်ရန်

Home

You missed