ခမ်းသားငေါဝ်း
သြဂုတ် ၁၁၊ ၂၀၂၅

https://www.facebook.com/share/p/1FRYknbcaS/

စစ်ဘေးတိမ်းရှောင်ရာမှ ​နေရပ်သို့သီးနှံများ ပြန်ကြည့်သည့် စလောင်းထောင်ရွာသားတစ်ဦးကို ရွာပြင်၌ PNO ပြည်သူ့စစ်၏ပစ်သတ်ခြင်းခံရကြောင်း ဖြစ်စဉ်သိသူထံ စုံစမ်းသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ် စလောင်းထောင်ရွာသို့ သြဂုတ် ၈ ရက်နေ့က ဒေသခံရွာသား နေရပ်ပြန်ပြီး သီးနှံပြန်ကြည့်ရာ ရွာနီးတွင်ပင် PNO ပြည်သူ့စစ်က စစ်ဆေးမေးမြန်းပြီး ပစ်သတ်လိုက် ကြောင်းသိရသည်။

‘’သူတို့က ဇွန်လ ကတည်းကရွာကနေပြောင်းရွေ့ဖို့အမိန့်ပေးတယ်၊ စိုက်ပျိုးရာသီဆိုတော့ သီးနှံတွေထားခဲ့ပြီး စစ်ရှောင်ရတာ ခုပြန်ကြည့်တဲ့အချိန်မှာ ပစ်သတ်ခံရတာ၊ ဘာကြောင့်ပစ်သတ်တယ်ဆိုတာမသိရဘူး၊ PNO ပြည်သူ့စစ်က ရွာသားကိုပစ်သတ်တာများနေပြီ၊ သတင်းတွေဖုံးဖိနေတာ”ဟု ဖြစ်စဉ်သိသူသတင်းရင်းမြစ် တစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။

ထိုစလောင်းထောင်ရွာသားသည် ကားနှင့် မိသားစုအလိုက်ရွာကိုပြန်ပြီး သီးနှံပြန်ကြည့်ခြင်းဖြစ်ကြောင်း၊ ပစ်သတ်ခံရသည့်အလောင်းကိုလည်း ပြန်မရကြောင်းသိရသည်။

ပစ်သတ်ခံရသူသည် အသက် ၃၈ နှစ်ရှိပြီဖြစ်ပြီး၊ ပြည်သူများက တွေ့မြင်ကြသော်လည်း ဘယ်သူမှမပြောရဲ၊ ပြောလိုက်လျှင်လည်း အပြစ်ရှာအသက်အန္တရာယ်ရှိတဲ့အထိ ခြိမ်းခြောက်ထားကြောင်းသိရသည်။

ဒေသခံတစ်ဦးက’’ ကျွန်တော်တို့ ဆီဆိုင်မြို့နယ် တောင်ဘက်ခြမ်းက အကြောက်တရားနဲ့ပဲနေရတယ်” ဟုပြောသည်။

ဆီဆိုင်မြို့နယ် နောင်ကျောကျေးရွာအုပ်စုနှင့် တောင်ရှေ့ကျေးရွာအုပ်စုအတွင်း PNO ပြည်သူ့စစ်က ပြီးခဲ့သည့် ဇွန်လ ၁၅ ရက်နေ့က ဒေသခံ ၆၀၀၀ ကျော်ကို စစ်ဘေးရှောင်ရန် အမိန့်ပေးထားခြင်းဖြစ်သည်။

သြဂုတ် ၈ ရက်နေ့က စလောင်းထောင်ရွာ၊ ကုလားလန်ရွာ၊ ဘုရားတောင်စသည့်နေရာများကို စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်တို့ စစ်ကြောင်းထိုးကာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ထိုနေရာများကို PNO ပြည်သူ့းစစ်ပြန်လည်ထိန်းချုပ်နိုင်ပြီဟု ထုတ်ပြန်ထားသည်။

#ppv002
#khamsarngor
#shanstate
#Humanright
#Hsihseng
#စလောင်းထောင်

ခမ်းသားငေါဝ်း Telegram ကြည့်ရန်
https://t.me/thepeoplevoicePaO

youtube channel ကြည့်ရန်
www.youtube.com/@khamsarngor7295

website ကြည့်ရန်

Home