ခမ်းသားငေါဝ်း
သြဂုတ် ၈၊ ၂၀၂၅

https://www.facebook.com/share/p/1CYfoJ2zg8/

ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကျောက်မဲမြို့နယ် နောင်ပိန်တွင် ဩဂုတ်လ (၆)ရက်နေ့က စပြီး မိုးအဆက် မပြတ်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံကာ ဒေသခံများ၏ လယ်စိုက်ခင်း ဧကပေါင်းများစွာ ဆုံးရှုံးမှု ရှိခဲ့ကြောင်း သိရသည်။

မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် နောင်ပိန်ဝန်းကျင်တွင် ရှိသည့် လုပ်ပါကန် ကျိုးပေါက်ပြီး ကျောက်မဲမြို့အနီးနား နောင်ပိန်တို့ရှိ ပြောင်းခင်း လယ်စပါး ရေနစ်မြှုပ်ကာ ပျက်စီးမှုများစွာ ရှိကြောင်း သိရသည်။

“ပြောင်းဆိုလည်း မျှော်လင့်ချက်မရှိတော့ဘူး။ စပါးခင်းလည်း ရေနဲ့ပါလာတဲ့ နှုန်းမြေ သဲတွေနဲ့ပြည့်လို့၊ ဒေသခံတွေ မရှိတဲ့ကြား ဘယ်လိုဖြတ်သန်းရမလဲမသိဘူး”ဟု ဒေသခံက ပြောသည်။

ရေကြီးရေလျှံမှု‌ကြောင့် စိုက်ခင်း နေအိမ်၊ အုတ်တံတိုင်း ပျက်စီးမှု ရှိသကဲ့သို့ လူသေဆုံးမှုလည်း ရှိခဲ့ကြောင်း သိရသည်။

“လေယာဉ်တိုက်ခိုက်ခဲ့တာ အိမ်ကမိုးမလုံတဲ့အပြင် အနိမ့်ပိုင်းမှာလည်း ရေထပ်တက်လာခဲ့တော့ တစ်ညလုံး မအိပ်ရတဲ့ ညလည်း ရှိခဲ့တယ်။ ရေကြီးပြီး ရေထဲမျောပါသွားရာကနေ သေသွားတဲ့သူလည်း ရှိတယ်”ဟု ၎င်းဒေသခံက ဆက်ပြောသည်။

ယခုလောလောဆယ် ရေဘေးသင့်သူများကို ရေသန့် အစားသောက် ကူညီကယ်ဆယ်သည့် အဖွဲ့အစည်းများမှ လာရောက်ကူညီပေးနေကြောင်း သိရသည်။

ပြီးခဲ့သည့် ဩဂုတ်လ(၆)ရက်နေ့ကစပြီး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲ၊ သီပေါ၊ မိုင်းရယ် တို့မှာ ရေကြီးပြီး ကားများသွားလာရေး ခက်ခဲမှုရှိခဲ့ကြောင်း သိရသည်။

#PPV0011
#shanstate
#Khamsarngor
#မိုးကြီးရေလျှံ
#သီးနှံပျက်စီး
#နောင်ပိန်

ခမ်းသားငေါဝ်း Telegram ကြည့်ရန်
https://t.me/thepeoplevoicePaO

youtube channel ကြည့်ရန်
www.youtube.com/@khamsarngor7295

website ကြည့်ရန်

Home