ခမ်းသားငေါဝ်း
သြဂုတ် ၈၊ ၂၀၂၅
https://www.facebook.com/share/p/1AzUpczzp8/
ပြည်သူများတော်လှန်ရေးကာလကြာလာသော် လည်းသွေးမအေးကြောင်းပြသသည့်အနေဖြင့် ၈၈၈၈ လူထုအရေးတော်ပုံ (၃၇) နှစ်ပြည့် အထိမ်းအမှတ် လှုပ်ရှားမှုကို အင်းလေးဒေသတွင် ပြုလုပ်ခဲ့သည်။
ရှမ်းပြည်နယ် တောင်ပိုင်း ညောင်ရွေမြို့နယ်ရှိ တော်လှန် ရေး အင်အားစုမှ ယနေ့ သြဂုတ်လ ၈ ရက်နေ့တွင် ကျရောက်သော ရှစ်လေးလုံးအရေးတော်ပုံ လှုပ်ရှားမှုအထိမ်းအမှတ်ဖြင့် အင်းလေးလူထုလှုပ်ရှားမှုမှတစ်ရပ် ပြုလုပ်ခဲ့သည်။
“အခုပေါ်ပေါက်လာတဲ့နွေဦးတော်လှန်ရေးဟာလည်း (၈၈ )က ဦးဆောင်ခဲ့တဲ့ညီနောင်သားချင်းတွေရဲ့ဦးဆောင်မှုကြောင့်ဖြစ်ပေါ်လာရတဲ့အကြောင်းလည်းပါတယ်ပေါ့နော် သူတို့ရဲ့ ရှေ့ဆောင်လမ်းပြခဲ့တဲ့စိတ်ဓာတ်နဲ့အင်အားဟာနွေဦးတော်လှန်ရေးအတွက် အများကြီးအားဖြစ်စေခဲ့ပါတယ်၊ ဒါကြောင့်မို့လို့ အဲဒီ( ၈၈ )တုန်းကရဲဝံ့စွာတိုက်ပွဲဝင်ခဲ့တဲ့ညီနောင်သားချင်းတွေရဲ့တိုက်ပွဲ၊စိတ်ဓာတ်ကိုလေးဂုဏ်ပြုတဲ့အနေနဲ့ရော ဒီနွေဦးတော်လှန်ရေးမှာ ကျမတို့တွေအနေနဲ့လည်းကျရာတာဝန်ကနေပြီးတော် အာဏာရှင်အဆုံးသတ်တဲ့အထိဆက်လက်တိုက်ပွဲဝင်သွားပါမယ်” ဟု အင်းလေးအမျိုးသမီးသမဂ္ဂမှ မကြိုးကြာ ကခမ်းသားငေါဝ်းကိုပြောသည်။
ထို့အပြင် မြန်မာပြည်သူများအနေဖြင့်တော်လှန်ရေးကြာလာသည်နှင့်အမျှ သွေးအေးသွားတာမျိုးမဟုတ်ပဲ ၈၈ ကတိုက်ပွဲဝင်ခဲ့တဲ့သူရဲကောင်းတွေ၏ပေးဆပ်ခဲ့မှုများ၊ယခုနွေဦးတော်လှန်ရေးမှာအသက်ပေးခဲ့သူတွေရဲ့တိုက်ပွဲဝင်စိတ်ဓာတ်များကို မေ့လျော့မနေကြဖို့လိုကြောင်း ၎င်း ကဆိုသည်။
အဆိုပါ လုပ်ရှားမှုကို အင်းလေး PDF၊ အင်းလေးအမျိုးသမီးသမဂ္ဂ၊ Innlay Medical team၊ ပညာရေးဘုတ်အဖွဲ့ ၊ အင်းလေးဖက်ဒရယ်ဒီမိုကရေစီလှုပ်ရှားမှုအဖွဲ့ တို့ စုပေါင်းပြီးလုပ်ဆောင်ခဲ့ကြောင်းသိရသည်။
#PPV 003
#Innlay
#shanstate
#88
#လှုပ်ရှားမှု
#အင်းလေး
ခမ်းသားငေါဝ်း Telegram ကြည့်ရန်
https://t.me/thepeoplevoicePaO
youtube channel ကြည့်ရန်
www.youtube.com/@khamsarngor7295
website ကြည့်ရန်