ခမ်းသားငေါဝ်း
သြဂုတ် ၈၊ ၂၀၂၅

https://www.facebook.com/share/p/14Hxz7ifWTo/

ဒီးမော့ဆို အနောက်ဖက်ခြမ်းကို စစ်တပ်က လက်နက် ကြီးဖြင့် ပစ်ခတ်သလို လေယာဥ်ဖြင့်လည်းဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် အရပ်သားတစ်ဦးထိခိုက်ဒဏ်ရာရရှိသွားကြောင်း ဒေသခံတစ်ဦးထံမှသိရသည်။

ကရင်နီပြည် ဒီးမော့ဆို အနောက်ဖက်ခြမ်းကို သြဂုတ်လ ၇ ရက်နေ့ ညနေ ၆ နာရီအချိန်ခန့်က စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး လေကြောင့်ဖြင့်ပါ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

” အရင်ဆုံးလက်နက်ကြီးကျတာ၊ ၂ လုံးကျတယ်၊ ပြီးတော့ လေယာဥ်လာပြီး ဗုံးနှစ်လုံး ထပ်လာကြဲတယ်” ဟု ဒေသခံတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။

အဆိုပါ လက်နက်ကြီးပစ်ခတ်မှုကြောင့် အသက် ၂၀ ကျော်အရွယ် အမျိုးသားတစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အဆောက်အအုံ အချို့လည်းထိခိုက်ပျက်စီးသွားကြောင်းသိရသည်။

စစ်ကောင်စီသည် မိုးဗြဲမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ပြီးနောက် ဒီမောဆိုဘက်သို့ စစ်ရေးလုပ်ရှားမှုများပြုလုပ်နေကာ ကျေးရွာများအတွင်း လက်နက်ကြီး၊ ဒရုန်းများဖြင့်မကြာခဏ ပစ်ခတ်တိုက်ခိုက်နေသောကြောင့် ဒေသခံများ စိုးရိမ်နေကြသည်။

photo- karenni rescue team 21
#PPV 003
#shanstate
#Humanright
#karenni
#ဒီးမော့ဆို
#ဗုံးကြဲ

ခမ်းသားငေါဝ်း Telegram ကြည့်ရန်
https://t.me/thepeoplevoicePaO

youtube channel ကြည့်ရန်
www.youtube.com/@khamsarngor7295

website ကြည့်ရန်

Home