ခမ်းသားငေါဝ်း
သြဂုတ် ၈၊ ၂၀၂၅

https://www.facebook.com/share/p/1Brs7RsFiz/

MNDAA ထိန်းချုပ်ထားသည့် ဒေသများတွင် စီးပွားရေးအခွန်များ ပြန်လည်ကောက်ခံမည်ဖြစ်ကြောင်း သြဂုတ်လ ၆ ရက်နေ့တွင်ထုတ်ပြန်ထားသည်။

တိုက်ပွဲအပြီး ဒေသပြန်လည်တည်ဆောက်ရေး အစပိုင်းတွင် စီးပွားရေးအခြေခံအုတ်မြစ်ခိုင်မာစေရန်အတွက်လည်းကောင်း၊ ပြည်သူများ လုပ်ငန်းလုပ်ကိုင်မှုဖိအားကိုလျော့ချပေးနိုင်ရန် အတွက်လည်းကောင်း၊ စျေးကွက်ပုံမှန်အခြေအနေသို့ ဖြစ်စေရန်အတွက် နှင့် ဒေသမတည်ငြိမ်သည့်အရေးပေါ်ကာလ တွင် စီးပွားရေးအကောက်ခွန်လုံးဝကင်းလွတ်သည့် မူဝါဒကို ကျင့်သုံးခဲ့ကြောင်းဆိုသည်။

လက်ရှိအချိန်တွင် MNDAA ထိန်းချုပ်ဒေသများတွင် စီးပွာရေးလုပ်ငန်းများ နှင့် ထုတ်ကုန်လုပ်ငန်းများ အပြည့်အဝပြန်လည်ပတ်နိုင်သည့် အခြေအနေသို့ရောက်လာပြီး အများပြည်သူဆိုင်ရာဝန်ဆောင်မှုလုပ်ငန်းများ၊ အဆောက်အအုံပြန်လည်တည်ဆောက် ရေးလုပ်ငန်းများ လူမှုဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအား အာမခံချက်ပေးနိုင်ရန် စီးပွားရေးအခွန်များပြန်လည်ကောက်ခံမည်ဟုဆိုသည်။

စီးပွားရေးအခွန်များပြန်လည်ကောက်ခံခြင်းကို ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁ ရကျနေ့မှစပွိီး အကောင်ထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နှင့် အခွန်ကောက်ခံမှုလုပ်ငန်းများကို ယခင်ကဲ့သို့ ” တစ်ဝက်လျော့ချပေးသည့် မူဝါဒ” အတိုင်း ဆက်လက်အကောင်ထည်ဖော်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း ဖော်ပြထားသည်။

ထို့အပြင် လုပ်ငန်းလိုင်စင်မလုပ်ဆောင်ရသေးသော လုပ်ငန်းရှင်များ နှင့် ကုမ္ပဏီ များအနေဖြင့် ဒေသဆိုင်ရာ စျေးကွက် နှင့် ကုန်သွယ်ရေးကြီးကြပ်ထိန်းသိမ်းရေးဦးစီးဌာန သို့ အမြန်ဆုံးသွားရောက် လျောက်ထားလုပ်ဆောင်ကြရန် နှင့် အချို့သောစီးပွားရေးအခွန်နှင့် အကောက်တော်ခွန်များအတွက် အချိန်မရေးပြောင်းလဲတတ်သောအခွန်စနစ်ကို ကျင့်သုံးသွားမည်ဟု အသိပေးထားသည်။

ပြည်ထောင်စုမြန်မာနိုင်ငံ အထူးဒေသ ၁ အုပ်ချုပ်ရေးကော်မတီ ဘဏ္ဍာရေးဌာန၊ အကောက်ခွန်ဌာန ရုံမှ အထူးဒေသတစ်ခုလုံးအတွက် အခွန်ကောက်ခံမှုလုပ်ငန်းများကို တာဝန်ယူဆောင်ရွက်မည်ဖြစ်ကြောင်း နှင့် အခြားမည်သည့်ဌာန ၊ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များမှ ခွင့်ပြုချက်မရှိဘဲ အခွန်ကောက်ခံခြင်းလုံးဝမပြုလုပ်ရန် ၊ တွေ့ရှိပါက တရားဥပဒေ နှင့်အညီ ပြင်းထန်စွာအရေးယူမည်ဖြစ်ကြောင်းဖော်ပြထားသည်။

#PPV 003
#shanstate
#MNDAA
#Khamsarngor
#ရှမ်းမြောက်
#အခွန်

ခမ်းသားငေါဝ်း Telegram ကြည့်ရန်
https://t.me/thepeoplevoicePaO

youtube channel ကြည့်ရန်
www.youtube.com/@khamsarngor7295

website ကြည့်ရန်

Home