ခမ်းသားငေါဝ်း
သြဂုတ် ၈၊ ၂၀၂၅

https://www.facebook.com/share/p/1GTzCWjkPa/

စစ်(၃)စစ်ဖြစ်သည့် စစ်အာဏာရှင်၊ စစ်အစိုးရ၊ စစ်ဗျူရိုကရေစီယန္တယားကိုအမြစ်ပြတ်အောင် မိတ်ဖက်အဖွဲ့အစည်းနှင့်အတူ ကြိုးပမ်းသွားမည် ဖြစ်ကြောင်း ဩဂုတ်လ (၈)ရက်က မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက် (PPNM)က ပြောဆိုထားသည်။

မြန်မာနိုင်ငံတစ်ဝှမ်း လူမျိုးပေါင်းစုံပြည်သူ လူထု ၏ စစ်အာဏာရှင်စနစ်ကို တွန်းလှန်ခဲ့သော (၈၈၈၈) အရေး တော်ပုံ နှစ်ပတ်လည်နေ့ဖြစ်သည့် ယနေ့တွင် ပေးပို့သော သဝဏ်လွှာထဲတွင်ပြောဆိုထားသည်။

ခေတ်အဆက်ဆက် စစ်အာဏာရှင်စနစ် ဖြိုချဖျက်စီးနိုင်ရန် ပြည်သူလူထုပေါင်းများစွာ ကျရာအခန်းကဏ္ဌများတွင် တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြပြီး (၈၈၈၈) အရေးတော်ပုံနေ့တွင်လည်း ကျောင်းသား၊ ပြည်သူလူထုများသည် အသက်ပေါင်းများ သာမက ဘဝပါပေးပြီး ထမ်းရွက်ခဲ့ကြကြောင်း ဆိုသည်။

ထို့ကြောင့် (၈၈၈၈)အရေးတော်ပုံနေ့မှ စပြီး နွေဦးတော်လှန်ရေးအထိ လက်ဆင့်ကမ်းသယ်ဆောင်ခဲ့ကြသည့် တော်လှန်ရေးခရီးကို ပန်းတိုင်ရောက်သည်အထိ ဆက်လက်ချီတက်နေရမည် ဖြစ်ကြောင်း ပြော ထားသည်။

PPNM သည်လည်း မိတ်ဖက်အဖွဲ့အစည်းများနှင့်အတူ ဖက်ဒရယ်စနစ်ကို အခြေခံသော ဒီမိုကရေစီအစိုးရ ပေါ်ပေါက်ရေး ကြိုးပမ်းမှုမှာ ဆက်လက် ကြိုးစားသွားကြမည် ဖြစ်ကြောင်း သဝဏ်လွှာနှင့်အတူ ကတိပြုကြောင်း ဖော်ပြထားသည်။

၎င်းအပြင် အကျဉ်းထောင်အတွင်းရှိ နိုင်ငံရေးအကျဉ်းသား/သူများကိုလည်း ယခုထက်ပိုမို ထောက်ပံ့ကူညီနိုင်ရန် ကြိုးစားလျှက်ရှိသည်ဟုသိရသည်။

အလားတူ အမျိုးသားညီညွတ်ရေးအစိုးရ NUG သည်လည်း မဟာမိတ်တိုင်းရင်းသားတော်လှန်ရေး တပ်ဖွဲ့ဝင်များအားလုံး စုပေါင်းညီညွတ်စွာနှင့် ပြည်သူလူထု မျက်နှာတစ်ခုတည်းကြည့်ပြီး အဆုံးသတ်တိုက်ပွဲ ဆောင်ရွက်ရမည့် ကာလဖြစ်ကြောင်း ရှစ်လေးလုံး အရေးတော်ပုံ (၃၇)နှစ်မြောက် အထိမ်းအမှတ်နေ့မှာ သဝဏ်လွှာပေးပို့ထားသည်ကို တွေ့ရသည်။

#PPV0011
#8888
#politic
#shanstate
#PPNM
#ရှစ်လေးလုံး

ခမ်းသားငေါဝ်း Telegram ကြည့်ရန်
https://t.me/thepeoplevoicePaO

youtube channel ကြည့်ရန်
www.youtube.com/@khamsarngor7295

website ကြည့်ရန်

Home