ခမ်းသားငေါဝ်း
သြဂုတ် ၉၊ ၂၀၂၅
https://www.facebook.com/share/p/1YqhXUB1Bm/
စစ်တပ်၏ နိုင်ငံရေးလှည့်စားမှုဖြစ်သည့် အတုယောင်ဟန်ပြရွေးကောက်ပွဲကို ကန့်ကွက်တားဆီးရမည့်အပြင် မင်းအောင်လှိုင်၏ စစ်ကျွန်ဇာတ်သွင်းမည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစိုးရအဖွဲ့သစ်ကို အမြစ်ဖြုတ်ဖြိုခွဲနှိမ်နှင်းရမည်ဖြစ်ကြောင်း ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP က ဆိုသည်။
ယနေ့ သြဂုတ်လ ၉ ရက်နေ့ တွင်းကျရောက်သော (၇၇) နှစ်မြောက် ကရင်နီအမျိုးသားခုခံတော်လှန် ရေးနေ့အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာတွင် KNPP ကထည့်သွင်းပြောဆိုထားခြင်းဖြစ်သည်။
၂၀၀၈ အခြေခံဖွဲ့စည်းပုံ ဥပဒေကို လူထုတစ်ရပ်လုံးနှင့် တော်လှန်ရေးအင်အားစုများမှ အပြီးတိုင်ဖျက်သိမ်းပြီးဖြစ်သဖြင့် ယင်းကိုပြန်လည်အသက်သွင်းရန် ကြိုးပမ်းမှုမှန်သမျှကို ဆန့်ကျင်တိုက်ဖျက်ရမည်ဖြစ်ကြောင်းဆိုသည်။
လက်ရှိတွင် မင်းအောင်လှိုင်မှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကိုဖျက်သိမ်းပြီး နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ကို ဖွဲ့စည်းကာ မင်းအောင်လှိုင်ကပင် ဥက္ကဋ္ဌ၊ ယာယီသမ္မတ၊ စစ်တပ်ဦးစီးချုပ်အဖြစ် ရာထူးနေရာများဆက်လက်ရယူထားသည့် စစ်ကျွန်ဇာတ်သွင်းမည့် အစိုးရအဖွဲ့သစ်ကို အမြစ်ဖြုတ်ဖြိုခွင်းနှိမ်နှင်းရမည်ဟု ဆိုသည်။
ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP အနေဖြင့် စစ်အာဏာရှင်စနစ်ကိုချုပ်ငြိမ်းရေး၊ ပြည်နယ်သူ၊ ပြည်နယ်သားများ၏ ဆန္ဒ နှင့်ပါဝင်မှုကို အခြေခံ၍ ပြည်နယ်/ဖက်ဒရယ် ယူနစ်အားကောင်းရေးမှ ပြည်ထောင်စုအားကောင်းရေး ချည်းကပ်မှုဖြင့် တော်လှန်ရေး၏ အန္တိမပန်းတိုင်ဖြစ်သည့် အနာဂါတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်နိုင်သည်အထိ အခြားတော်လှန်ရေးအင်အားစုများနှင့်အတူ ဦးတည်လျောက်လှမ်းသွားမည်ဟု သဝဏ်လွာတွင် ထည့်သွင်းပြောဆိုထားသည်။
#PPV 003
#politic
#KNPP
#shanstate
#စစ်ကျွန်
ခမ်းသားငေါဝ်း Telegram ကြည့်ရန်
https://t.me/thepeoplevoicePaO
youtube channel ကြည့်ရန်
www.youtube.com/@khamsarngor7295
website ကြည့်ရန်