ခမ်းသားငေါဝ်း
သြဂုတ် ၉၊၂၀၂၅
https://www.facebook.com/share/p/19fGbhaVy2/
ဂျပန်နိုင်ငံ မွေးမြူရေး လုပ်ငန်းတစ်ခုတွင် အလုပ်လုပ်ကိုင်နေသည့် ပအိုဝ်းလူငယ်(၁)ဦး ကားဘရိတ်ပေါက်ကားမှောက်ပြီး သေဆုံးသွားကြောင်း သိရသည်။
ဂျပန်နိုင်ငံ ကာဂါဝါခရိုင်Takamatsu Konancho တွင် Forklift ဖြင့် မြက်ခြောက်နှင့် အခြားပစ္စည်းများ သယ်ဆောင်နေစဉ် မောင်းနှင်မှုအမှားအယွင်းဖြစ်ခဲ့ပြီး ကားမှောက်ခြင်းကြောင့် သေဆုံးခဲ့ကြောင်း သိရသည်။
သေဆုံးသူသည် အသက်(၂၇)နှစ်အရွက် ခွန်ကျော်သူဖြစ်ပြီး ဂျပန်ရောက်နေစဉ် အိမ်ထောင်ပြုသည်မှာ မကြာသေးကြောင်း Facebook လူမှုကွန်ရက်မှာ စိတ်မကောင်းကြောင်း ရေးသားဖော်ပြနေကြသည်ကိုလည်း တွေ့ရသည်။
“ကံတရားက ပြောလို့မရဘူး။ ကျန်ခဲ့သူ ချစ်သူအတွက် တကယ်စိတ်မကောင်းဘူး။ သူတို့က အားကျရတဲ့အတွဲပါ။ အခုတော့ ကိုယ့်နိုင်ငံအဆင်မပြေလို့ နိုင်ငံရပ်ခြားမှာ အလုပ်လုပ်နေခါမှ ရက်စက်တယ်”ဟု စိတ်မကောင်းကြောင်းလူမှုစာမျက်နှာတွင် ရေးသားထားသည်ကို တွေ့ရသည်။
သေဆုံးသွားသည့် ခွန်ကျော်သူ၏ မိတ်ဆွေ သူငယ်ချင်းများမှလည်း သေဆုံးသွားသည့်အပေါ် ဝမ်းနည်းကြေကွဲရကြောင်း ရေးသားထားကြသည်ကို တွေ့ရသည်။
ကားဘရိတ်ပေါက်မောက်ပြီး သေဆုံးသွားခဲ့ရသည့် နေရာကို ဂျပန်ရဲတပ်ဖွဲ့မှ စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။
photo credit
#PPV0011
#မှုခင်း
#ဂျပန်
#ခွန်ကျော်သူ
#accdent
ခမ်းသားငေါဝ်း Telegram ကြည့်ရန်
https://t.me/thepeoplevoicePaO
youtube channel ကြည့်ရန်
www.youtube.com/@khamsarngor7295
website ကြည့်ရန်