ခမ်းသားငေါဝ်း
သြဂုတ် ၇၊ ၂၀၂၅
https://www.facebook.com/share/p/1CQTTcYnWQ/
အင်းလေးကန်အတွင်းရှိ နုန်းမြများ အရေးပေါ်ဆယ်ယူရန်လိုအပ်ကြောင်းနှင့် ယခုနှစ် ရေကြီးမှု အခြေအနေ ပိုမိုဆိုးရွာလာ နိုင်ကြောင်း Save the Inle Lake မှတာဝန်ရှိသူထံကသိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်ရှိ အင်းလေးကန်အတွင်း ရေကြီးမှုအခြေအနေ ပိုမို ဆိုးရွာလာနိုင်တာကြောင်းနှင့် နုံးမြေများ အမြန်ဆုံး ဆယ်ယူဖို့လိုအပ်နေပြီး ယခုလတ်တလောတွင် မိုးအနည်းငယ်ရွာရုံဖြင့် ရေအတက်မြန်လာခြင်းနှင့် ရေထွက်ပေါက်များ သေးငယ်နေသည့်အတွက် ရေစီးဆင်းနှုန်း နှေးနေသည်။
“မိုးရာသီမှ အင်းလေးကန် ကရေကြီးလာတယ် ဆောင်းရာသီ ရောက်တာနဲ့ချက်ချင်း ရေကစီးဆင်းတယ် လောပိတ ရေအားလျှပ်စစ်အတွက်လေ၊ အဲ့တော့ အင်းလေးကန်က နွေရာသီ ရောက်တာနဲ့ ခန့်ခြောက်မှုတွေဖြစ်လာတယ်။ ဒါပင်မဲ့ အခုက ဘယ်လို့ဖြစ်သွားတုန်းဆိုရင် ပြီးခဲ့တဲ့ ၂၀၂၄ ရေကြီးတုန်းကလည်း သဲနုန်းပမာဏ ၃ ပေ မြင့်တက်လာတဲ့သဘောဖြစ်သွားတယ်၊အမှန် ရေကြီးလို့ ၃ ပေ မြင့်တက်လာရင် ပုံမှန် အနေထား ဖြစ်ရမှာ” ဟု Save the Inle Lake မှတာဝန်ရှိသူတစ်ဦးမှ ပြောသည်။
ထို့ပြင် ပြီးခဲ့သည် ၂၀၂၅၊ ဇွန်လတွင် မိုးအဆက်မပြတ်ရွာ သွန်းမှုကြောင့် အင်းလေးကန်ရှိ နွေစပါးများ၊ လယ်ယာစိုက်ခင်များပျက်စီးဆုံးရှုံးမှုသည် နှစ်ပေါင်း (၅၀)အတွင်းတစ်ကြိမ်မှာ မရှိခဲ့ဖူးကြောင်း သိရသည်။
“သဲ၊ နုန်း၊ ရွှံ့မြေ တော်တော်များများကို စုပ်ထုတ်၊ ဖို့ကလည်း နိုင်ငံတော်စီမံကိန်းတရပ်အနေနဲ့ လုပ်ဆောင်မှအဆင်ပြေမှာ၊ အခုချိန်ထိတော့ အစိုးရဘက်လည်း ဘာမှာမလုပ်ဆောင်ပေးသေးဘူး၊ နိုင်ငံတော်အစိုးရဆီကိုလည်း ဒီနုန်းတွေပြန်လည်ဆယ်ယူပေးဖို့ တင်ပြတောင်းဆိုထားတာလည်းရှိတယ်” ဟု ၎င်းကဆက်ပြောသည်။
ထို့ကြောင့် အင်းလေးကန်သည့် နှစ်ပေါင်းများစွာ ကန်အတွင်းသို့ နုန်းမြေများဝင်ရောက်ကာ အင်းလေးကန်သည် ၂၀၂၄ ခုနှစ်တွင် ရေကြီးမှုကြောင့် အင်းလေးကန်အတွင်း ဖောင်တာ်ဦးဘကားနှင့် ရွာပါင်း၂၀၀ကျော် ရေကြီးမှုကြုံ တွေ့ခဲ့ရသဖြင့် ယခုနှစ်တွင် ၎င်းနုန်းမြေများမဆယ်ထုတ်နိုင်ပါ အရင်နှစ်ထက် ရေကြီးမှု ပိုဆိုးရွာနိုင် ကြောင်းသိရသည်။
PPV0013
ပုံ-ခမ်းသားငေါဝ်း
#သဘာဝပတ်ဝန်းကျင်
#ညောင်ရွှေမြို့နယ်
#အင်းလေးကန်
#ရေကြီးမှုအခြေအနေ
#နုံးမြေများအမြန်ဆုံးဆယ်ယူဖို့လိုအပ်နေ
#ရေအတက်မြန်လာခြင်း