ခမ်းသားငေါဝ်း
သြဂုတ် ၇၊ ၂၀၂၅
https://www.facebook.com/share/p/1VZ2VePqr2/
စံကားဒေသ၊ လွယ်နွဲ့ဘုရားတောင်ရွာ ဒေသခံများကို ဩဂုတ်လ(၆)ရက်နေ့မှစကာ စစ်ကောင်စီနှင့် PNOပြည်သူ့စစ်က နေရပ်ပြန်ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း ဒေသခံထံမှသိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ စံကားဒေသ၊ လွယ်နွဲ့ဘုရားတောင်ရွာသည် ယခင်ကရှေ့တန်းတွင် ကင်းမစောင့်ကူဘူးဟုဆိုကာ PNOပြည်သူ့စစ်က နေရပ်ပြန်ခွင့် ပိတ်ပင်ထားခဲ့ပြီး ယခုအချိန်တွင်နေရပ်ပြန်ခွင့် ပြန်လည်ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း သိရသည်။
“ရွာကမနေ့ကစလို့ပြန်နေလို့ရပြီဆိုတော့ အခုကအကုန်ပြန်သွားကြပြီ အိမ်လည်းမနေရတာကြာတော့ အိမ်အောက်ထပ်ဆိုမြက်ပင်အကုန်ဖုံးသွားတယ်၊ အခုလိုကိုယ့်အိုးကိုယ့်အိမ် ပြန်နေရတော့ အရမ်းပျော်တာပေါ့” ဟုဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။
ဒေသခံများသည် နေရပ်ပြန်နိုင်ပြီဖြစ်သော်လည်း နောက်တစ်ကြိမ်ထပ်မံတိမ်းရှောင်ရမည်ကို စိုးရိမ်နေကြကြောင်း သိရသည်။
နောက်ထပ်ဒေသခံတစ်ဦးက “မနေ့ကဆို ပြန်လို့ရပြီပြောတော့ သူတို့မှာပျော်လွန်းလို့ ကမန်းကတန်းတောင်ဖြစ်ကုန်တယ်၊ ကိုယ်ဆိုရင်လည်းပျော်မိမှာပဲလေ သူများတွေကိုယ့်အိုးကိုယ့်အိမ်နဲ့ နေနေကြတဲ့အချိန်မှာ ကိုယ်ကစစ်ရှောင်နေရတာမျိုးဖြစ်နေတော့၊ သူများကားတွေငှါးပြီး မနေ့ကအကုန်ပြန်သွားကြပြီ” ဟုပြောသည်။
စစ်ကောင်စီနှင့် PNOပြည်သူ့စစ်တို့ပြန်လည်ထိန်းချုပ်နိုင်သည့် စံကားဒေသနှင့် ဖယ်ခုံအင်းအရှေ့ဘက်ခြမ်းရှိနေရာများတွင် ဒေသခံများနေရပ်ပြန်လည်နေထိုင်နိုင်ကြပြီဖြစ်သော်လည်း ၎င်းတို့က ပြောင်းစိုက်ပျိုးခွင့်မပြုပဲ ကျေးရွာအနီးတစ်ဝိုက်တွင် လယ်စပါးသာစိုက်ပျိုးခွင့်ပြုထားကြောင်း သိရသည်။
ဇွန်လအစောပိုင်းကတည်းပင် စစ်ကောင်စီနှင့် PNOပြည်သူ့စစ်တို့သည် စစ်အင်အားအလုံးအရင်းဖြင့် တော်လှန်ရေးတပ်ဖွဲ့များထိန်းချုပ်ထားသည့်နယ်မြေများကို ထိုးစစ်ဆင်တိုက်ခိုက်ပြီး တော်လှန်ရေးတပ်ဖွဲ့များသည်လည်း ညောင်ရွှမြို့နယ်နှင့် ဖယ်ခုံအင်းအရှေ့ဘက်ကမ်းနေရများတော်တော်များများကို လက်လွတ်ဆုံးရှုံးခဲ့ရကြောင်း သိရသည်။
#PPV007
ပုံ-အွန်လိုင်း
#လူ့အခွင့်အရေး
#ညောင်ရွှေမြို့နယ်
#စံကားဒေသ
#လွယ်နွဲ့ဘုရားတောင်ရွာ
#နေရပ်ပြန်ခွင့်ပြန်လည်ခွင့်ပြု
https://t.me/thepeoplevoicePaO
youtube channel ကြည့်ရန်
www.youtube.com/@khamsarngor7295
website ကြည့်ရန်