ခမ်းသားငေါဝ်း
သြဂုတ် ၆၊ ၂၀၂၅
https://www.facebook.com/share/v/1PxB7LDqHG/
နောင်ပိန်ကျေးရွာတွင် ဩဂုတ်လ ၆ ရက် မွန်းလွဲပိုင်းမှ စ၍ လုပ်ပါကန် ကျိုးပေါက်ပြီး နောင်ပိန် အမှတ် ၅ ရပ်ကွက် ရွှေလမင်း ဆီဆိုင်ရှေ့ လမ်းမကြီးတွင် ရေကြီးရေလျှံမှု ဖြစ် နေကြောင်းသိရသည်။
ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် နောင်ပိန် အနီးနား မိုးသည်းထန်စွာ ရွာသွန်းသဖြင့် လုပ်ပါကန် ကျိုးပေါက်ကာ လမ်းရေကြီး နစ်မြုပ်နေခြင်း နှင့်နောင်ပိန် အမှတ်(၃)ရပ်ကွက်ရှိ အနိမ့်ပိုင်းအိမ်များလည်း ရေဝင်နစ်မြုပ်လျှက်ရှိသည်။
ထို့ပြင် လမ်းမကြီးပေါ်တွင် ဖြတ်မောင်းသော ကား တစ် စီးရေထဲမျှောပါသွားပြီး ယာဉ်ပေါ် လူ(၂)ဦးပါရှိသွားကြောင်း၊ အဆိုပါ ကားနှင့်လူပါ ရှာဖွေမတွေ့ရှိသေးဘဲ သေဆုံးသွားဖွယ်ရှိကြောင်း လူမှုကူညီရေး အသင်းများက ခန့်မှန်းပြောဆိုထားသည်။
ရေကျော်ကို ဖြတ်မောင်းသော ဆိုင်ကယ်တစ်စီးလည်း ရေထဲမျှောပါသွားသော်လည်း ဆိုင်ကယ်မောင်းသူ လွတ်မြောက်ခဲ့ကြောင်းသိရသည်။
ဩဂုတ်လ ၆ ရက် ညပိုင်းအချိန်ထိ နောင်ပိန်ကျေးရွာတွင် ကယ်ဆယ်ရေးလုပ်ငန်းများ အရေးပေါ်လိုအပ်နေပြီး ရေမကျမှီ ရေကျော်အား ဖြတ်မောင်းခြင်းမပြုကြပါရန် တာဝန်ရှိသူများက တားမြစ်ထားကြောင်း သိရသည်။
ရေကြီးမှုဖြစ်စဉ်ကြောင့် ပြောင်းဖူးခင်း၊ကြံခင်း ၊ သီးနှံ စိုက်ပျိုးခင်း ဧကပေါင်းများစွာရေနှစ်မြုပ်လျှက်ရှိပြီး ဆုံးရှုံးမှုများနိူင်ကြောင်းသိရပါသည်။
ရှမ်းပြည်နယ်တောင်ပိုင်းတွင်လည်း ရေကြီးခြင်းကြောင့် မိုးဗြဲ ရေကာတာ ကို ဖောက်ချလိုက်ဖြင့် သီးနှံ စိုက်ခင်းများ ပျက်စီးဆုံးရှုံးမှု ရှိခဲ့ကြောင်း ကြား သိရသည်။
၂၀၂၅ ခုနှစ် မိုးရာသီတွင် မိုးများခြင်းကြောင့် ရှမ်းပြည်နယ် အပါအဝင် မြန်မာနိုင်ငံ တစ်ဝှမ်းတွင် ရေကြီးနစ်မြုပ်မှု ဖြစ်စဉ်များ ကြုံတွေ့နေရပြီး ၊ ပင်းတယမြို့နယ် ကုန်းစောင်းကျေးရွာတွင် မိုးကြီးခြင်း တောင်ကျရေကြောင့် လူသေဆုံးမှု ဖြစ်စဉ်များ ရှိခဲ့ကြောင်းသိရသည်။
photo Cj
#PPV-006
#shanstate
#နောင်ပိန်
#ရေကြီးရေလျှံ။
#ရှမ်းမြောက်
ခမ်းသားငေါဝ်း Telegram ကြည့်ရန်
https://t.me/thepeoplevoicePaO
youtube channel ကြည့်ရန်
www.youtube.com/@khamsarngor7295
website ကြည့်ရန်