ခမ်းသားငေါဝ်း၊
သြဂုတ် ၆၊၂၀၂၅

https://www.facebook.com/share/p/1EMEis7HTB/

ရှမ်းပြည်တောင်ပိုင်း၊ရွာငံမြို့နယ်အတွင်း ခရီးသွားလာသူများ၏ ဖုန်းများကိုစစ်တပ်က ရှောင်တခင် စစ်ဆေးနေကြောင်း သတင်းရရှိသည်။

စစ်ကောင်စီ၏ ဆိုက်ဘာဥပဒေ အတည်ပြုပြီး နောက် ရွာငံ-အောင်ပန်းလမ်း မကြီးတွင် ခရီးသွားများ၏ ကား ၊ဆိုင်ကယ်များကို ရပ်ခိုင်း၍ ဖုန်းများကို စစ်ဆေးနေကြောင်း သိရသည်။

“သူတို့က အဲလမ်းမှာ အမြဲတမ်းတော့ မရှိဘူး။ သူတို့စစ်ချင်တဲ့ အချိန် ထထစစ်တာ။ အဓိကတော့ VPN ပါမပါ၊ ဘယ်သူနဲ့ ဆက်သွယ် စကားပြောထားလဲ ပြီးတော့ ဓာတ်ပုံထဲကို စစ်တာ။ “ဟု ရွာငံ ဒေသခံ အမျိုးသား တစ်ဦးက ပြောသည်။

ထိုသို့ စစ်တပ်က ရှောင်တခွင် စစ်ဆေးနေမှုကြောင့် ခရီးသွားများ စိုးရိမ်နေရပြီး ဖုန်းအတွင်း သေချာ စစ်ဆေးပြီးမှသာ ခရီးသွားလာရန် သင့်ကြောင်း အဆိုပါ အမျိုးသားက ပြောသည်။

ထို့အပြင် စစ်တပ်များက ရွာငံ‌မြို့နယ် ဆပ်ခြံ၊ တောင်ဦး ကျေးရွာများနှင့် ရွာငံမြောက်ဘက် ကျေးရွာများတွင် မကြာခဏ စစ်ကြောင်းထိုး ဝင်ရောက်နေပြီး ဒေသခံများကို ခြိမ်းခြောက်မှုများပြုလုပ်နေကြောင်း သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လဆန်းပိုင်းတွင်လည်း စစ်ကောင်စီ တပ်သားများက ရွာငံမြောက်ဘက် ကျေးရွာများတွင် တပ်စွဲထားပြီး ဒေသခံများကို ထမင်းထုပ်များပို့ခိုင်း နေကြောင်း သိရသည်။

#PPV-008
#Humanright
#Ywangan
#military
#VPN
#စစ်ဆေး

ခမ်းသားငေါဝ်း Telegram ကြည့်ရန်
https://t.me/thepeoplevoicePaO

youtube channel ကြည့်ရန်
www.youtube.com/@khamsarngor7295

website ကြည့်ရန်

Home