ခမ်းသားငေါဝ်း

သြဂုတ် ၇၊ ၂၀၂၅

https://www.facebook.com/share/p/1B5cxaSfK6/

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ယာယီသမ္မတ ဦးမြင့်ဆွေသည် ယနေ့ သြဂုတ်လ ၇ ရက်နေ့ နံနက် ၈ နာရီ ၂၈ မိနစ်တွင် အမှတ် (၂) တပ်မတော်ဆေးရုံးကြီး ခုတင် ( ၁၀၀၀) ၌ ကွယ်လွန်သွားကြောင်း စစ်ကောင်စီကထုတ်ပြန်ထားသည်။

ယာယီသမ္မတ ဦးမြင့်ဆွေသည် ၂၀၂၃ ခုနှစ် မှစပြီး အာရုံကြော အားနည်းရောဂါကို စတင်ခံစားနေရကာ ၂၀၂၄ ခုနှစ် ဇူလိုင်လ ၁၈ ရက်နေ့မှစတင်ပြီး ဆေးခွင့်ယူကာ ဆေးကုသမှု ခံခဲ့ရကြောင်းသိရသည်။

ပြီးခဲ့သည့် သြဂုတ် ၅ ရက်နေ့တွင် ဦးမြင့်ဆွေ၏ ကျန်းမာ ရေးအခြေအနေမှာ အထူးစိုးရိမ်ဖွယ်အခြေအနေဖြစ်နေကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားခဲ့ပြီး ယနေ့ သြဂုတ်လ ၇ ရက်နေ့နံနက်ပိုင်းတွင် ကွယ်လွန်သွားခဲ့သည်။

PPV 003
ပုံ-အွန်လိုင်း
#ကျန်းမာရေး
#ယာယီသမ္မတဦးမြင့်ဆွေ
#တပ်မတော်ဆေးရုံးကြီး
#ခုတင်၁၀၀၀
#စစ်ကောင်စီကထုတ်ပြန်
https://t.me/thepeoplevoicePaO

youtube channel ကြည့်ရန်
www.youtube.com/@khamsarngor7295

website ကြည့်ရန်

Home