ခမ်းသားငေါဝ်း

သြဂုတ် ၇၊ ၂၀၂၅

https://www.facebook.com/share/p/1GfdqRGTnw/

မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရှမ်းပြည်နယ်တောင်ပိုင်း ကျေးသီးမြို့နယ် ကောင်းလန်းရွာထဲ ရေကြီးနေပြီး ကားများ ဖြတ်မရ ပိတ်မိနေကြောင်း ဩဂုတ်လ(၇)ရက်တွင် ဒေသခံထံမှ သိရသည်။

ရှမ်းပြည်တောင်ပိုင်းမှ မြောက်ပိုင်းသွားသည့် ကျေးသီး-မိုင်းရယ်လမ်းရှိ ကောင်းလန်းရွာအတွင်း‌ ရေကြီးနေပြီး ခိုလောင်းတံတားအထိ ရေတက်နေသည်။

“ကုန်ကား၊ခရီးသည်ကား အကုန်ရပ်ထားကြရတယ်။ ရေက အခုပိုပိုတက်နေတယ်။ မိုးလည်းရွာနေတုန်း။ ကောင်းလန်းမှာ တစ်နှစ်မှ ရေမကြီးဖူးဘူး။ အခုရွာထဲထိ ရေတော်တော်တက်နေတယ်”ဟု ဒေသခံ တစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။

ကောင်းလန်းရွာသည် ရှမ်းပြည်နယ်တောင်ပိုင်းမှ မြောက်ပိုင်းသွားသည့်အခါ တောင်ကြီး-နမ့်စန်-ခိုလမ်-‌‌ကျေးသီး-မိုင်းရယ် ခရီးသည်ကား၊ ကုန်ကား ဆရာများ အနားယူ ထမင်းစားသည့် ရွာဖြစ်ကြောင်း သိရသည်။

ထို့အပြင် ရှမ်းပြည်နယ်မြောက်ပိုင်း မိုင်းရယ်မြို့ နတ်စင်နားတွင်လည်း ရေကြီးနေသောကြောင့် ကားများ ဖြတ်မရဘဲ နောက်ပြန်လှည့်ရကြောင်း‌ သိရသည်။

ရှမ်းပြည်နယ်အတွင်း အခုရက်ပိုင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေကြီးခြင်း၊ တောင်ကျရေများကြောင့် မြေပြိုခြင်း၊ လမ်းများ ပျက်စီးခြင်း၊ စိုက်ခင်းများ ပျက်စီးခြင်း ကြုံတွေ့နေရကြောင်း သိရသည်။

ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲမြို့နယ် နောင်ပိန်တွင် ယမာန်နေ့က မိုးများပြီး ရေကန်ကျိုးပေါက်ကာ ကား ၊ ဆိုင်ကယ် ရေထဲမျောပါသွားကြောင်း သိရသည်။

ထို့အပြင် ယမာန်နေ့ဩဂုတ်လ(၆)ရက်၌ တံတောင်ကြီးမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ကျချောင်းရေနှင့် မြေပြိုမှုကြောင့် ကလေးငယ်အပါအဝင် လူ(၈)ဦး သေဆုံးပြီး၊ ပျောက်ဆုံးနေသူအချို့ရှိခဲ့ကြောင်း သိရသည်။

PPV0011
ပုံ-အွန်လိုင်း
#သဘာဝဘေး
#ကျေးသီးမြို့နယ်
#ကောင်းလန်းရွာ
#ရေကြီးနေပြီး
#ကားများဖြတ်မရ
#ပိတ်မိနေ

https://t.me/thepeoplevoicePaO

youtube channel ကြည့်ရန်
www.youtube.com/@khamsarngor7295

website ကြည့်ရန်

Home