ခမ်းသားငေါဝ်း
သြဂုတ် ၇၊၂၀၂၅
https://www.facebook.com/share/p/1CTztkxVwr/
ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် ၊ အင်းလေးကန် အတွင်း ကျေးရွာ ၂၀ ကျော် အိမ်အောက် ခြေများ ရေမြုပ်နေကြောင်း ဒေသခံများထံမှ ကြား သိရသည်
အင်းလေးကန် ရှိ ကေလာကျေးရွာအုပ်စုတွင်းရှိ ကျေးရွာများ၊ အိမ်ထောင့်ကြီး ၊ ရှေ့၀ကြီး ၊ မြောင်း၀ကြီး ၊မိုင်းသောက်အင်း ရွာ၊ ညောင်ဝန်း ၊ သလဲဦးအင်း ၊ နန်းပန် ၄ ရပ်ကွက်ရှိ ကုန်ကယ် ၊ နန်းပန် ၊ ပေါက်ပါး ၊ ရေလယ် ၊ ကြာတော ကျေးရွာများတွင် ရေတက်ခြင်းကြောင့် နေအိမ် ရေမြုပ်ခြင်းများ ကြုံတွေ့နေရကြောင်း ဒေသခံထံမှသိရသည်။
“အခုက မိုးကြီးမယ်ဆိုရင်တော့ ရေထပ်တက်ပြီး မြုပ်နိုင်ပါတယ်။ မိုးက ဖွဲဖွဲလေးနဲ့ တစ်နေကုန် ဆက်တိုက် ရွာနေမယ် ဆိုရင် ရေတက်တာ ပိုကြာနိုင်တယ်။ မိုးများရင် ရေမြုပ်ဖို့ ပိုပြီး စိုးရိမ်ရပါတယ်။”ဟု အင်းလေးကန် ဒေသခံ တစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။
ဩဂုတ်လ အတွင်း မိုးကြီးခြင်းကြောင့် အင်းတိန်သွားလမ်း ၊ သန်းတောင်အနီး ဘုရားနီရွာရှိ လမ်းမကြီးတွင် ရေတိုက်စားခြင်းကြောင့် မြေသားများ ပဲ့ကျကာ တဖြည်းဖြည်း လမ်းပျက်စီးမည် ကို စိုးရိမ် ရကြောင်းသိရသည်။
ထို့ပြင် အင်းလေးကန် မိုင်းသောက် တံတားတွင် ဩဂုတ်လ အစောပိုင်းကပင် ရေမြုပ်သွားပြီ ဖြစ်ကြောင်း၊ ရေမြုပ်သဖြင့် သွားလာ မရသေးကြောင်းသိရသည်။
၂၀၂၅ ခုနှစ် မိုးဦးစော သဖြင့် ဇွန်လ ၊ ဇူလိုင်လတို့တွင် ဆက်တိုက် မိုးကြီးခြင်းကြောင့် အင်းလေးကန်တွင် ရေ ၆ ပေ ကျော်အထိ ဆက်တိုက် တက်ခဲ့ပြီး ၊ မိုးမရွာသောနေ့များတွင် တစ်ပေခန့် ပြန်ကျကြောင်း မိုင်းသောက်အင်း ဒေသခံ ထံမှ သိရသည်။
photo credit
#PPV-006
#water
#Innlay
#shanstate
#nyaungshwe
#ရေကြီးရေလျှံမှု
ခမ်းသားငေါဝ်း Telegram ကြည့်ရန်
https://t.me/thepeoplevoicePaO
youtube channel ကြည့်ရန်
www.youtube.com/@khamsarngor7295
website ကြည့်ရန်