ခမ်းသားငေါဝ်း
သြဂုတ် ၇၊ ၂၀၂၅
https://www.facebook.com/share/p/1GizsU3mRg/
မိုးဗြဲ ရေကာတာ ဖောက်ချပြီးနောက် အောက်ပိုင်း ကျေးရွာများ ရေမြုပ်ကာ စိုက်ခင်း ဧက တစ်ထောင်ကျော် ရေမြုပ်နေကြောင်း ဒေသခံများထံမှသိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲမြို့တွင် ဩဂုတ်လ အစောပိုင်းရက်များက နေ့စဉ် မိုးရွာသွန်းခြင်းကြောင့် မိုးဗြဲဆည် ရေလျှံလာသဖြင့် စစ်တပ် (ခမရ-၄၂၂) က သြဂုတ် ၄ ရက်တွင် ရေကာတာ ဖောက်ချလိုက်ကြောင်း သိရသည်။
“ဒီနေ့ အထိ မိုးရွာနေတုန်းပဲ ။ ဖယ်ခုံ ၊ ပင်လောင်းဘက် မိုးဆက်တိုက် ရွာနေတုန်း ၊ ကလော တောင်ကြီးဘက်က မိုးကောင်းရင် အင်းလေးကန်ထဲ စီးဝင်လာလို့ အင်းလေးကန်က တဆင့် မိုးဗြဲရေကာတာ ထဲကို ပြန်လည် စီးဝင် တာပါ။ တချို့ အပေါ်ထပ် နေလို့ရသလို ရေဘေးရှောင် ကြတာလည်း ရှိပါတယ်”ဟု ဒေသခံ တစ်ဦးကပြောသည်။
ထိုသို့ မိုးဗြဲ ရေကာတာ ရေဖောက်ချလိုက်ခြင်းကြောင့် ရေကာတာ အောက်ပိုင်း ကျေးရွာ ရှိ အနိမ့်ပိုင်း စိုက်ခင်းများ လယ်ဧက ရာနှင့်ချီ နစ်မြှုပ်ပြီး ဒေသခံ ၈၀၀ နီးပါး ရေဘေးသင့်ခဲ့ကြောင်း Phekon Shan Youth Network ထံမှ သိရသည်။
ရေကာတာ ဖွင့်ချလိုက်သဖြင့် မိုးဗြဲ ၂ ရပ်ကွက် ၊ လွိုင်ကော် ၂ ရက် နှင့် ကျေးရွာ ၆ ရွာ တို့ ရေဘေးသင့် နစ်မြုပ်နေပြီး မြေနိမ့်ပိုင်း ချောင်းနံဘေး ကျေးရွာများ နစ်မြုပ်ခြင်း၊ စပါးစိုက်ခင်းများလည်း ရေနစ်မြုပ် ပျက်စီးမှု ရှိကြောင်း သိရသည်။
ဆည်အောက်ဘက်နေထိုင်သည့် မိုးဗြဲ လွိုင်ကော် ရေလွတ်ရာရွေ့ပြောင်းလိုက်ရပြီး၊ ဘီလူးချောင်းအနီး ကျေးရွာ ၁၀ ရွာခန့်ရှိ ဒေသခံများ ၈၀၀ ဝန်းကျင်သည် ရေဘေးသင့်ကာ စပါးခင်း ဧက (၁၀၀၀) ဝန်းကျင် ရေမြှုပ်နေကြောင်း သိရသည်။
#PPV-006
#moebye
#dam
#shanstate
#Khamsarngor
#မိုးဗြဲဆည်ဖောက်ချ
#ရေလွမ်း
ခမ်းသားငေါဝ်း Telegram ကြည့်ရန်
https://t.me/thepeoplevoicePaO
youtube channel ကြည့်ရန်
www.youtube.com/@khamsarngor7295
website ကြည့်ရန်