ခမ်းသားငေါဝ်း
သြဂုတ် ၇၊ ၂၀၂၅

https://www.facebook.com/share/p/1LqjfU84dK/

ရှမ်းပြည်တောင်ပိုင်း ၊ ဟိုပုံး လွိုင်လင် သွားလမ်း ပွန်ချောင်း စားသောက်ဆိုင်အနီး CANTER ယာဉ် တစ်စီးဘရိတ်ပေါက်၍ ချောက်တွင်း ထိုးကျရာတ စ်ဦး သေဆုံး ၊ နှစ်ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ဩဂုတ်လ ၆ ရက် နေ့လည်ပိုင်းအချိန်တွင် ဟိုပုံး- လွိုင်လင် သွားကားလမ်းပွန်ချောင်း စားသောက် ဆိုင်‌အနီး CANTER ယာဉ် ဘရိတ်ပေါက်၍ အရှိန်မထိန်းနိုင်ဘဲ လမ်း၏ဝဲဘက် အနက်ပေ(၃၀)ခန့်ရှိ လမ်းဘေးသို ထိုးကျသွားခဲ့ရာ ယာဉ်နောက်လိုက် တစ်ဦး သေဆုံး၍ နှစ်ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

“အဲဒီ တောင်ကြီး – ဟိုပုံး – လွိုင်လင် သွားလမ်းမှာ အမြဲတမ်း ဖြစ်နေကျပဲ၊ အရင်လ က ဆိုရင် တစ်ပတ်အတွင်း လေးငါးမှု ဖြစ်တယ်။ ကားချောက်တွင်း ထိုးကျတာတွေ ၊ ကားမှောက်တာတွေ ဖြစ်လေ့ ရှိတယ်။ မောင်းနေကျ လူတောင် ဖြစ်သေးတာ၊ လမ်းကလည်း မကောင်းဘူး။ လမ်းကလည်း ကျဉ်းတယ်။ လမ်းကြမ်းတော့ မောင်းရခက် တာလည်း ပါတယ်။”ဟု ယာဉ်ငယ်မောင်း ကားဆရာ တစ်ဦးက ဆိုသည်။

ယာဉ်မောင်းဖြစ်သူမှာ ထိခိုက်ဒဏ်ရာ မရခဲ့သော်လည်း ယာဉ်နောက်လိုက်ဖြစ်သူ ချစ်ဆန်းမောင်(ခ)ဖိုးကြွက် သေဆုံးခဲ့ကြောင်း သိရသည်။

ထို့ပြင် ယာဉ်နောက်လိုက် ကျော်သူဖြိုး ၏ ဦးခေါင်း/ ယာလက်ခုံ ပေါက်ပြဲဒဏ်ရာ(မစိုးရိမ်ရ)၊ ကေခိုင်မျိုး၏ ယာညှပ်ရိုးနာကျင်ဒဏ်ရာ(မစိုးရိမ်ရ) များ ရရှိခဲ့သဖြင့် လွိုင်လင်မြို့နယ်၊ မိုင်းပွန်တိုက်နယ်ဆေးရုံသို့ ပိုဆောင်ထားကြောင်း သိရှိရသည်။

အဆိုပါ CANTER မော်တော်ယာဉ်သည် ဆန်/ကြက်သွန်ဖြူ/နီအိတ်များ တင်ဆောင်လာခြင်း ဖြစ်ကြောင်း သိရသည်။

photo credit

#PPV-006
#caraccident
#shanstate
#မိုင်းပွန်ချောင်း
#ယာဥ်ထိုးကျ

ခမ်းသားငေါဝ်း Telegram ကြည့်ရန်
https://t.me/thepeoplevoicePaO

youtube channel ကြည့်ရန်
www.youtube.com/@khamsarngor7295

website ကြည့်ရန်

Home