ခမ်းသားငေါဝ်း
သြဂုတ် ၆၊ ၂၀၂၅
https://www.facebook.com/share/p/1BCMTDHdn8/
ပင်းတယ-ရပ်စောက် ချိတ်ဆက်ထားသည့် မိုင်းအင်တံတားသည့် ဇူလိုင်လ (၂၈)ရက်နေ့ တံတားပျက်ဆီးခဲ့ရပြီး ဩဂုတ်လ (၃)ရက်နေ့တွင် ပြန်လည် သွားလာနိုင်ပြီဖြစ်ကြောင်း ဒေသခံထံမှ သိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်းတယ- ရပ်စောက် ချိတ်ဆက်ထားသည့် ကုန်စည်ပို့ဆောင်ရန် အဓိကတံတားဖြစ်သည့် မိုင်းအင်တံတားသည် ဇူလိုင် (၂၈)ရက် တောင်ကျ ရေကြီးကာ တံတားကျိုးပျက်သွားပြီး ဩဂုတ်လ (၃)ရက်နေ့မှစ၍ ပြန်လည် ဖြတ်သန်းသွားလာနိုင်ကြောင်းသိရသည်။
“ပြန်ပြင်ပြီးသွားပြီး၊ မနေ့တုန်းကတည်းကဖြတ်နေပါပြီး၊ ၁၆တန်အထိရတယ်၊ ကုမ္ပဏီ ကား တွေတော့ ဖြတ်နေပြီး ၊ ၁၂ဘီးကားတွေတော့ မရဘူးဟု ” ဒေသခံတစ်ဦးမှ ခမ်းသားငေါဝ်းကို ပြောသည်။
တံတားခံနိုင်ဝန် အားသည် ၁၆ တန်အထိသာရှိသဖြင့် ၁၀ ဘီးကားနှင့် ၁၂ ဘီး တွဲကားများ ဖြတ်သန်းသွားလာ၍ မရသေးကြောင်း ၎င်းကဆက် ပြောသည်။
ထို့ပြင် ဇူလိုင် (၂၈)ရက်နေ့တွင်လည်း ပင်တယမြို့နယ်သိမ်ကုန်းကျေရွာအုပ်စုရှိကုန်းစောင်းကျေရွာတံတားနှင့် ပန်းစစ်ကျးရွာအုပ်စုရှိ ကြံခင်းမြောက်ရွာတံတားများသည် ကျောက်ခဲနှင့် ရွံများရှင်းလင်းရန် မပြီးစီးသေးသဖြင့် တံတား ပြန်လည်မတည်ဆောက်နိုင်သေး ကြောင်းသိရပါသည်။
ရှမ်းပြည်နယ် တောင်ပိုင်းတွင် ဇူလိုင်လ (၂၆)ရက်နေ့မှစ၍ မိုးအဆက်မပြတ်ရွာသွန်းပြီး ရေကြီး၊ ရေလျှံခြင်း တောင်ကျရေ ကြောင့် မြေပြိုမှု ဖြစ်ပွားကာ တံတားများ၊ လမ်းများ၊ နေအိမ်များ ပျက်ဆီးဆုံးရှုံးမှု အများအပြားကြုံ တွေ့ခဲ့ရပါသည်။
PPV0013
ပုံ-အွန်လိုင်း
#သဘာဝဘေး
#ပင်းတယ-ရပ်စောက်
#ချိတ်ဆက်ထား
#ကုန်စည်ပို့ဆောင်ရန်အဓိကတံတား
#မိုင်းအင်တံတား
#တောင်ကျရေကြီး
#တံတားကျိုးပျက်
https://t.me/thepeoplevoicePaO
youtube channel ကြည့်ရန်
www.youtube.com/@khamsarngor7295
website ကြည့်ရန်