ခမ်းသားငေါဝ်း

သြဂုတ် ၇၊ ၂၀၂၅

https://www.facebook.com/share/p/1FBbqTjsRB/

တောင်ကြီးမြို့နယ်အတွင်း PDF၊ CRPH၊ NUG တော်လှန်ရေးသမားများ ဝင်ရောက်နေထိုင်မှုကို ဖမ်းဆီးရန် မြို့နယ်အတွင်း နေထိုင်သော ပြည်သူများ၊ ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်း၊ ယာဉ်လိုင်းလုပ်ငန်းစဉ်များ အနေဖြင့် စစ်ဆေးမှု ပြုလုပ်နိုင်ရန် ‌‌ တောင်ကြီးမြို့၊အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

People Survelliance and Management System (PSMS)နည်းပညာကို အသုံးပြု၍ စစ်ဆေးမေးမြန်းသည့်အခါ အမည်၊ မှတ်ပုံတင်ကို မှန်ကန်စွာ ဖြေဆိုရန်နှင့် ကြည်ဖြူစွာ စစ်ဆေးခံရန် ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။

“နိဂိုကတည်းက မလွတ်လပ်ပါဘူးဆို အခုက ပိုတောင် ဘာလုပ်လုပ်ကြောက်နေရသလို့ပဲ။ ဘာမှမလုပ်ထားလည်း အခုချိန် လူငယ်တွေ အဲ့လို အပျော်အပါးသွား မြို့ပြင်ထွက်ဆို စစ်လာရင်လည်း စွပ်ဆွဲ ခံရမယ့်ပုံပဲ။ အထူးသဖြင့်ယောက်ျား‌လေးတွေဆိုရင်ပေါ့”ဟု ဒေသခံ လူငယ်က ခမ်းသားငေါဝ်းကို ပြောသည်။

ထို့အပြင် ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းပိုင်ဆိုင်များ အနေဖြင့် လာရောက်တည်းခိုသူများ၏ အချက်အလက်များကို အုပ်ချုပ်ရေးအဖွဲ့အစည်း၊ လုံခြုံရေးအဖွဲ့အစည်းများထံ စနစ်တကျ ပေးပို့ရန်ဟူ၍ ထုတ်ပြန်ထားသည်။

“အရင်ကတည်း တည်းခိုခန်း၊ ဟိုတယ်မှာ တည်းရင် မှတ်ပုံတင်အပြင်၊ လူကိုပါ ဓာတ်ပုံရိုက်တယ်။ အခုဆို ဘယ်လိုလာအုံးမလဲမသိဘူး။ လုပ်ငန်းရှင်ဖက်ကကြည့်ရင်လည်း မလုပ်လို့မဖြစ် ညွှန်းကြားထားတာဆိုတော့ အချက်အလက်၊ ဧည့်စာရင်းက အကုန်ပေးရတာရှိတယ် ဘာမှလုပ်ထားတာ မရှိလည်း ငွေညစ်တာမျိုတွေ လုပ်လာနိုင်တယ်။။ ပြည်သူတွေ လွတ်လပ်ခွင့် ဘာမှမရှိတော့ဘူး”ဟု နောက်ထပ် ဒေသခံက ပြောသည်။

ထို့အပြင် စစ်ကော်မရှင်သည် ရဲတပ်ဖွဲ့ကို အသုံးပြုပြီး (PSMS) နည်းစနစ် ဆက်စပ်‌ဆော့ဝဲလ်များဖြင့် တည်းခိုသူ အချက်အလက် တိုက်ဆိုင် စစ်ဆေးခြင်းစနစ်၊ ယာဉ်လိုင်းစစ်ဆေးခြင်း စနစ်၊ ရဲထောက်ခံစာ စစ်ဆေးမှုစနစ်၊ မှတ်ပုံတင် အမှတ်အသား မရှိသည့်သူများ၏ ဓာတ်ပုံ၊ ဗီဒီယိုင်ဖိုင်များကို တိုက်ဆိုင်စစ်ဆေးခြင်း စနစ်ကို အသုံးပြု၍ တော်လှန်ရေးလုပ်ဆောင်နေသူများကို ရှာဖွေနေခြင်း ဖြစ်ကြောင်း ဖော်ပြထားသည်။

ထုတ်ပြန်ချက်မှာ မြို့အဝင်/ထွက်၊ ကားဂိတ်များ၊ ယာဉ်လိုင်းများမှာ စီးနှင်းလိုက်ပါလာသည့် ခရီးသည်များအနေဖြင့်လည်း PSMS စနစ်ကို အသုံးပြု၍ စစ်ဆေးမေးမြန်းမည် ဖြစ်ကြောင်း ပါရှိသည်။

ယာဉ်လိုင်းများရှိ ဂိတ်မှူးများကို စီးနင်းလာသည်ခရီးသည်များ၏ အချက်အလက်အား သေချာစိစစ်ပြီး သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူး၊ရဲစခန်းတို့မှာ ပေးပို့ရမည် ဖြစ်ပြီး သက်ဆိုင်ရာအဖွဲ့အစည်းမှ လိုအပ်ချက်အရ စစ်ဆေးပါက ဟိုတယ်၊မိုတယ်၊ တည်းခိုခန်းများနှင့် မော်တော်ယာဉ်လိုင်းများမှ ပူးပေါင်းဆောင်ရွက်သွားရမည် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

စစ်ကော်မရှင်သည် (၂၀၂၅)ခုနှစ်အတွင်း တောင်ကြီးမြို့နယ်မှာ (PSMS) စနစ်ကို အသုံးပြု၍ ကားဂိတ်၊ တည်းခိုခန်း ဟိုတယ်တို့မှာ တိုက်စစ်ဆေး ဖမ်းဆီးမှု လုပ်ဆောင်နေခြင်း ဖြစ်သည်။

PPV0011
ပုံ-အွန်လိုင်း
#လူ့အခွင့်အရေႏ
#တောင်ကြီးမြို့နယ်
#PDF
#CRPH
#NUG
#တော်လှန်ရေးသမားများ
#ဟိုတယ်
#မိုတယ်
#တည်းခိုခန်း
#ယာဉ်လိုင်းလုပ်ငန်းစဉ်များ
#အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန

https://t.me/thepeoplevoicePaO

youtube channel ကြည့်ရန်
www.youtube.com/@khamsarngor7295

website ကြည့်ရန်

Home