ခမ်းသားငေါဝ်း
သြဂုတ် ၆၊ ၂၀၂၅
https://www.facebook.com/share/p/174L69iELT/
တောင်ကြီးမြို့တွင် ဩဂုတ်လ(၅)ရက်နေ့၌ ကျပ်သိန်း ၁ ရာကျော် တန်ဖိုးရှိသည် စိတ်ကြွရူးသွပ်ဆေးပြားများဖမ်းဆီးရမိကြောင်း CCDAC MYANMAR မှ ထုတ်ပြန်ထားသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ပေါ်ရှိ ဘုရားဖြူရပ်ကွက်နေ အမျိုးသားတစ်ဦး၏ နေအိမ်ကိုမနေ့ ည ၇ နာရီ ၄၅ မိနစ် အချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ နေအိမ်ခြံဝင်းအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၂၀,၂၀၀ ပြား နှင့်အတူ လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ ကြောင်း ဖော်ပြထားသည်။
၎င်း ဖမ်းဆီးရမိသည့် စိတ်ကြွရူးသွပ်ဆေးပြားသည်ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၁၀၁ သိန်း ရှိကြောင်း ဆိုထားသည်။
၎င်း အသက်(၅၅)နှစ်အရွယ်အမျိုးသားကို တောင်ကြီးနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များလည်းဆက်လက်ဖော်ထုတ်သွားမည်ဟု ထုတ်ပြန်ထားသည်။
ထို့ပြင်ပြီးခဲ့သည့် မေလတွင်လည်း တောင်ကြီးမြို့ ၊ အေးသာယာ ရပ်ကွက်(၁၁) ရှိ နေအိမ်တွင် မူးယစ်ဆေးဝါးများကို ဆာလာအိတ် ၁၇၅ အိတ်ဖြင့်ထည့်ထားသည့် ကငွကျပ် ၁၇ ဒသမ ၅ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၃၅သန်းကို ဖမ်းဆီးရမိခဲ့ ကြောင်းသိရပါသည်။
PPV0013
ပုံ”အွန်လိုင်း
#မှုခင်း
#တောင်ကြီးမြို့
#ဘုရားဖြူရပ်ကွက်
#မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့
#ပူးပေါင်းအဖွဲ့
#နေအိမ်ခြံဝင်းအတွင်း
#စိတ်ကြွရူးသွပ်ဆေးပြား
https://t.me/thepeoplevoicePaO
youtube channel ကြည့်ရန်
www.youtube.com/@khamsarngor7295
website ကြည့်ရန်