ခမ်းသားငေါဝ်း
သြဂုတ် ၄၊ ၂၀၂၅

https://www.facebook.com/share/p/1BpnkRbpHb/

တောင်ကြီးမြို့နယ် ၊ အေးသာယာမြို့တွင် အိမ်ဆေးသုတ်ပေးမည်အကြောင်းပြကာအိမ်ရှင်ကိုတို့ဆေးလုပ်ပြီး အုပ်စုဖွဲ့ ငွေလိမ်ခိုးမှု​ဖြစ်ပွားခဲ့ကြောင်းသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း အေးသာယာမြို့၊ စက်မှုဇုန် အနီးရှိရပ်ကွက်တွင် ဩဂုတ်လ ၃ ရက်ကအိမ်ခေါင်မိုး ဆေးသုတ်ပေးမည်ဟု ဆိုကာ နေအိမ်များအတွင်း ဝင်ရောက် မေးမြန်းခြင်း ၊ အဖွဲ့လိုက် အင်အားသုံး၍ အိမ်ရှင် မူးဝေသွားချိန် ငွေများ လိမ်လည်ခိုးယူသွားသော ဖြစ်စဉ် ကြုံတွေ့လိုက်ရကြောင်း သိရသည်။

“အဲလို ဆေးသုတ်ပေးမယ်ဆိုပြီး လိုက်လိမ်နေတဲ့ အဖွဲ့ ဖမ်းမမိသေးဘူး၊ အေးသာယာမှာ သုံးလေးကြိမ် ရှိနေပြီ။ တချို့ ပိုက်ဆံတွေ အများကြီး ပါသွားတယ်။ တို့ဆေး ပုံစံ သဘောပေါ့။ အိမ်ရှင်က ဘာမှကို မမှတ်မိတော့ဘဲ ပိုက်ဆံတွေ ထုတ်ပေးလိုက်တာ ဖြစ်သွားတယ်။ သူ့ကိုယ်သူလည်း ဘယ်လောက် ပေးလိုက်မိသလဲ ဆိုတာ မသိတော့ဘူး။ ဘာဖြစ်သွားမှန်းတောင် မသိတော့ဘူး ပြောတယ်။ များသော အားဖြင့် တစ်အိမ်လုံး တစ်ယောက်ထဲ ရှိနေတဲ့ နေအိမ်တွေ ၊ သက်ကြီးရွယ်အို တွေ ရှိတဲ့ နေအိမ်တွေကို ပစ်မှတ်ထားပြီး လိုက်လုပ်တာ များတယ်။”ဟု အေးသာယာမြို့ခံ တစ်ဦးက ဆိုသည်။

ထိုအဖွဲ့သည် အမျိုးသား လေးငါးယောက်ကျော်က အိမ်ခေါင်မိုး ဆေးသုတ်ပေးမည်ဆိုပြီး နေအိမ်အတွင်း ဝင်ရောက် ရေတောင်းသောက်ခြင်း ၊ အိမ်ရှင် အနီးအနား ကပ်လာပြီး မေးမြန်းခြင်းတို့ ပြုလုပ်ပြီး အိမ်ရှင်ဖြစ်သူ မူးဝေသွားကြောင်း သိရသည်။

တချို့ နစ်နာသူများက ရဲစခန်းကို တိုင်ကြားလိုစိတ် မရှိကြဘဲ အမှုမဖွင့်ဘဲ နေသော ဖြစ်စဉ်များစွာ ရှိကြောင်း အေးသာယာ မြို့ခံ တစ်ဦးကဆက်ပြော သည်။

တောင်ကြီးမြို့တွင်လည်း ငွေသွားလွှဲရန် နေအိမ်မှ ထွက်ခွာချိန် တို့ဆေးကြောင့် ဘာမှ မမှတ်မိတော့ဘဲ ငွေကျပ် ၇၆ သိန်း လိမ်ခံလိုက်ရသော ဖြစ်စဉ်လည်း ဇူလိုင်လ အတွင်း ကြုံတွေ့ခဲ့ရသေးကြောင်း သိရသည်။

တောင်ကြီးမြို့တွင် ခါးပိုက်နှိုက်မှုများ ၊ တို့ဆေးဖြင့် လိမ်လည် ခိုးယူသော အမှုများ ဆက်တိုက် ကြုံတွေ့လာနေကြောင်း သိရသည်။

#PPV-006
#shanstate
#Taunggyi
#ayethayar
#တို့ဆေး
#ငွေလိမ်

ခမ်းသားငေါဝ်း Telegram ကြည့်ရန်
https://t.me/thepeoplevoicePaO

youtube channel ကြည့်ရန်
www.youtube.com/@khamsarngor7295

website ကြည့်ရန်

Home