ခမ်းသားငေါဝ်း
သြဂုတ် ၄၊ ၂၀၂၅
https://www.facebook.com/share/p/1F664mAKa9/
မြန်မာနိုင်ငံတွင် ယခုနှစ် ဇန်နဝါရီလ ၁ ရက်မှ ဇူလိုင်လ ၁၉ ရက်အထိ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူ ၅ ထောင် ၆၆ ဦးနှင့် သေဆုံးသူ ၂၆ ဦးရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံတွင် ယခုနှစ်၂၀၂၅ ခုနှစ် တွင် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုနူန်း မြင့်တက်လာပြီး မေ ၁၀ ရက် မှ ဇူလိုင် ၁၉ရက် အထိ နှစ်လကျော်ကာလအတွင်း သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ၄၀၀၀ ကျော်ရှိခဲ့ပြီး သေဆုံးသူ ၂၀ ကျော်အထိရှိခဲ့ ကြောင်းကျန်းမာရေးဝန်ကြီးဌာန စာရင်းအရသိရသည်။
ထို့ကြောင့် ၂၀၂၅ ခုနှစ် လဝက်အတွင်း၌ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၅၀၆၆ ဦးနှင့်သေဆုံးသူ ၂၆ ဦးရှိကာ ရန်ကုန်တိုင်း ဒေသကြီးတွင် အများဆုံးဖြစ်ပွားပြီး တနင်္သာရီတိုင်းသည် ဒုတိယအများဆုံးဖြစ်ပွားကြောင်းသိရသည်။
လက်ရှိ သွေးလွန်တုပ်ကွေး ရောဂါကူးစက်ဖြစ်ပွားမှုများသည့် အသက်အရွယ်မှာ လသားကလေးအရွယ်မှ အသက် ၁၅ နှစ်အတွင်းအရွယ် များဖြစ်ကြပြီး သေဆုံးသူအများစုသည် ၁၀ အောက် ကလေးငယ်များဖြစ်ကြောင်းသိရသည်။
ပြီးခဲ့သည့်၂၀၂၄ ခုနှစ်တွင်လည်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၆,၄၀၀ ရှိခဲ့ပြီးရောဂါကြောင့်သေဆုံး ၁၅ ဦးသာရှိခဲ့သဖြင့် ယခုနှစ် နှစ်ဝက်အတွင်း ရောဂါဖြစ်ပွားနှုန်းသည် အရင်နှစ် တစ်နှစ်ဖြစ်ပွားနှုန်းထက် သေဆုံးနှုန်းသည် ထက်ဝက်နီးပါးအထိမြင့်တက်လာကြောင်းသိရပါသည်။
ထို့ပြင် ၂၀၂၃ ခုနှစ် မြန်မာနိုင်ငံတဝန်း သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ၁၆,၀၀၀ ကျော်ရှိပြီး သေဆုံးသူ ၂၃ ဦးရှိခဲ့သလို့ ၂၀၂၂ ခုနှစ်မှာလည်း ၂၅,၀၀၀နီးပါး ကျော် ရှိပြီး သေဆုံးသူ ၉၇ ဦး ရှိခဲ့ ကြောင်းကျန်းမာရေးဝန်ကြီးဌာန ၏သတင်းအချက်အလက်တွေအရ သိရသည်။
အလားတူ စစ်အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ်တွင်လည်းမြန်မာနိုင်ငံတဝန်း သွေးလွန်တုပ်ကွေး ဖြစ်ပွားသူ ၅,၄၄၆ ဦး ရှိပြီး သေဆုံးသူ ၃၆ ဦး ရှိခဲ့ပါသည်။
PPV0013
ပုံ-အွန်လိုင်း
#ကျန်းမာရေး
#သွေးလွန်တုပ်ကွေးရောဂါ
#သေဆုံးသူ
#ကျန်းမာရေးဝန်ကြီးဌာနစာရင်း
https://t.me/thepeoplevoicePaO
youtube channel ကြည့်ရန်
www.youtube.com/@khamsarngor7295
website ကြည့်ရန်