ခမ်းသားငေါဝ်း

သြဂုတ် ၄၊ ၂၀၂၅

https://www.facebook.com/share/p/1RHfUkEdpU/

ညောင်ရွှေမြို့နယ် အင်းလေးကန်ဒေသတွင် ပြီးခဲ့သည့်လ ဇူလိုင်လမှစ၍ မိုးဆက်တိုက်ရွာသွန်းသဖြင့် ရေပိုကြီးမည်ကို စိုးရိမ်နေကြပြီး ဝါးစင်များပြုလုပ်ထားနေရကြောင်း ဒေသခံဆီမှသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်ရှိ အင်းလေးကန်၌ ဇူလိုင်လတွင် မိုးသည်းထန်စွာရွာသွန်းပြီး ရေသည့် မူလထက် ၆ ပေကျော်မြင့်တက်လာကာ ဒေသခံများတချို့ ပစ္စည်းများပြောင်းရွေ့နေကြပြီး အရင်နှစ်ထက် ရေပိုကြီးမည်ကိုစိုးရိမ်နေကြသဖြင့် ဝါးစင်များပြုုလုပ်ထားနေကြသည်။

“ရေက အိမ်ထိတော့မရောက်သေးဘူးဆိုပင်မဲ့ လက်တစ်ထွာလောက်ပဲလိုတော့တယ်၊ စင်လေလုပ်ပြီး နေနေတယ် ၊ ပစ္စည်းတွေကိုလည်း စင်လေ လုပ်ပြီး အမြှင့်မှာတင်ထားတယ်” ဟု နန်းပန် ဒေသခံတစ်ဦးမှ ခမ်းသားငေါဝ်ကိုပြောသည်။

ထို့ပြင် အင်းလေးကန်အတွင်းရှိ တစ်ထပ်အိမ်များသည် စတင်နစ်မြှပ်နေပြီး နှစ်ထပ်အိမ်သည်လည်း အောက်ထပ်ကြမ်းခင်းတွင်ရေများဝင်ရောက်နေကြောင်း ၎င်းကဆက်ပြောသည်။

နေအိမ်နစ်မြှပ်သွားသူများသည် မြေမြင့်ရာ ဒေသတို့ ရွေ့ပြောင်းနေကြပြီး ဒေသခံများရေထပ်မံကြီးမည်ကို စိုးရိမ်နေကြသလို့ သက်ကြီးရွယ်အိုများအတွက်လည်း သွားလာရ ခက်ခဲကြောင်းသိရသည်။

“တကယ်လို့ ကိုယ်အိမ်က မြှုပ်ပြီးဆို တခြားသူအိမ်သွားနေတယ်ဆိုပေမဲ့လည်း က်ိုယ်အိမ်ကိုယ်ရာ မဟုတ်ဘူးဆိုတော့ နေလို့မကောင်းဘူး၊ အသက်ကြီး တဲ့ သူတွေဆိုရင် မသွားနိုင်မလာနိုင် “ဟု အင်းလေးဒေသခံတစ်ဦးမှပြောသည်။

ယခုလက်ရှိတွင် အင်းလေးဒေသရှိ ရွာမ၊ အင်းတိန်၊ သပြေပင်နှင့် မြောင်းဝကြီး စသည့်ကျေးရွာများရှိ ဒေသခံများ ရွှေ့ပြောင်းနေကြကြောင်းသိရပါသည်။

ထို့ပြင် ပြီးခဲ့သည့်နှစ် ရေကြီးမှုကြောင့် အင်းလေးကန်အတွင် ကျွန်းမျောများ နေအိမ်သို့ ရောက်ရှိကာ ၎င်း နှင့်အတူ အဆိပ်ရှိမြွေများလည်း ပါလာသဖြင့် ဒေသခံများမြွေအန္တရယ်လည်း ကြုံတွေ့ခဲ့ရပြီး စိုးရိမ်မှုများလည်းရှိသည်။

အင်းလေးကန်သည် ပြီးခဲ့သည့်နှစ်ရေကြီးမှုကြောင့် နုန်းမြေများ အင်းလေးကန်သို့ ရောက်ရှိကာ အင်းလေးကန်သည် မိုးအနည်းရွာရုံဖြင့် ရေတက်နှုန်း မြှင့်တက်နေကြောင်းသိရသည်။

PPV0013
ပုံ-အွန်လိုင်း

#သဘာဝဘေး
#ညောင်ရွှေမြို့နယ်
#အင်းလေးကန်
#မိုးသည်းထန်စွာရွာသွန်း
#ပစ္စည်းများပြောင်းရွေ့နေကြ
#ရေပိုကြီးမည်ကိုစိုးရိမ်
#ဝါးစင်များပြုုလုပ်ထားနေ

https://t.me/thepeoplevoicePaO

youtube channel ကြည့်ရန်
www.youtube.com/@khamsarngor7295

website ကြည့်ရန်

Home