ခမ်းသားငေါဝ်း

သြဂုတ် ၄၊ ၂၀၂၅

https://www.facebook.com/share/p/1GDoHmwLHR/

မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် အင်းလေးဒေသရှိ မိုင်းသောက်ရွာတွင် အနိမ့်ပိုင်းတွင်ရှိသည့် အိမ်ခြေများရေမြုပ်သွားကြောင်း ဩဂုတ်လ ၄ ရက်နေ့တွင် ဒေသခံထံမှသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသရှိ မိုင်းသောက်ကျေးရွာအုပ်စု မိုင်းသောက်ရွာတွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် အနိမ့်ပိုင်းတွင်ရှိသည့် အိမ်ခြေများရေမြုပ်သွားကြောင်း ဒေသခံထံမှသိရသည်။

“ကြိုတင်သတိပေးချက်တွေလှုံဆော်ပေးပြီး ကြိုတင်ပြင်ဆင်မှုတွေလုပ်ထားခဲ့လို လူတွေတော့ထိခိုက်မှုမရှိဘူး၊ အနိမ့်ပိုင်းမှာရှိတဲ့အိမ်တွေအကုန် မြုပ်သွားတယ်”ဟု ဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။မိုင်းသောက်ကျေးရွာအုပ်စု၊ မိုင်းသောက်အင်းရွာသည် စုစုပေါင်းအိမ်ခြေ ၂၅၈ လုံးရှိပြီး အနိမ့်ပိုင်းတွင်ရှိသည့် အိမ်ခြေ (၂၀) ရေမြုပ်သွားကြောင်းသိရသည်။

“သုံးလပိုင်းတုန်းက ငလျင်ဒဏ်ခံရတယ် ၊ ငလျင်ဒဏ်ပြီးဒါနဲ့ ဘယ်လောက်မှမကြာသေးဘူး ရေပြန်ကြီးနေပြီ၊အရင်နှစ် ရေကြီးတုန်းကလည်း အိမ်တွေအများကြီးပျက်စီးသွားတယ်၊ အက်လိုပျက်စီးမှုတွေများတော့အများကြီးခံစားရတယ်”ဟု သူကဆက်ပြောသည်။

အင်းလေးဒေသရှိ မိုင်းသောက်ရွာသည် မတ်လအတွင်းမှာလည်း ငလျင်ဒဏ်ခံရပြီး ယခု ဇူလိုင်လနောက်ဆုံးပတ်နှင့် ဩဂုတ်လပထမပတ်တွင်လည်း ရေကြီးဒဏ်ထပ်ခံစားရကြောင်း ၎င်းကဆက်ပြောသည်။

၂၀၂၅ ခုနှစ် တွင်လည်း အင်းလေးဒေသရှိ ကျေးရွာများရေဘေးသင့်ရကြောင်း ရေမကြီးခင်ကြိုတင်ပြင်ဆင်ရမဲ့အချက်များနှင့် ရေမကြီးအောင် မည်သို့လုပ်ဆောင်ရမည့်အချက်များကို ဝိုင်းဝန်းအကြံပေးပြီး ဆွေးနွေးပေးဖို့ ၎င်းကထပ်လောင်းပြောသည်။

အလားတူပင် ဇူလိုင်လနောက်ဆုံးပတ်မှစ၍ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီး၊ အောင်ပန်း ၊ ညောင်ရွှေ၊ ကလော၊ ပင်းတယနှင့် ပင်လောင်းမြို့တွင်လည်း မိုးအဆက်မပျက်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုတွေကြုံရပြီး အိမ်တွေလည်းပျက်စီး နှစ်မြုပ်မှုများကြုံရကြောင်းသိရသည်။

PPV10
#သဘာဝဘေး
#ညောင်ရွှေမြို့နယ်
#အင်းလေးဒေသ
#မိုင်းသောက်ကျေးရွာအုပ်စု
#မိုးအဆက်မပြတ်ရွာသွန်းမှု
#အနိမ့်ပိုင်းတွင်ရှိသည့်အိမ်ခြေများ
#ရေမြုပ်သွား

https://t.me/thepeoplevoicePaO

youtube channel ကြည့်ရန်
www.youtube.com/@khamsarngor7295

website ကြည့်ရန်

Home