ခမ်းသားငေါဝ်း
သြဂုတ် ၄၊ ၂၀၂၅
https://www.facebook.com/share/p/14EbAAcYkiV/
ကရင်အမျိုးသားအစည်းအရုံး(KNU) သည် တောင်စုတိုက်ပွဲနှင့် တော်ဝိတိုက်ပွဲတွင် ဖမ်းဆီးရမိခဲ့သည် စစ်သုံပန်း (၂၆)ဦးအား ပြန်လွှတ်ပေးခဲ့ကြောင်း ယနေ့ ဩဂုတ် (၄)နေ့တွင်ထုတ်ပြန်ထားသည်။
KNU ခလယ်လွီထူခရိုင်မူးမြို့နယ် ၊ တောင်စုကျေးရွာတွင်စစ်ကြောင်းထိုးအထိုင်ချခဲ့သည့် စစ်ကောင်စီတပ်များကို ပြီးခဲ့သည့် ဇွန်လ (၂၅) ရက်နေ့၌ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLAနှင့်ပူးပေါင်းတပ်တို့ပူးပေါင်းတိုက်ခိုက်ခဲ့ရာလက်နက်ခဲယမ်းအများအပြားနှင့်စစ်သုံ့ပန်း(၂၃)ဦးအားဖမ်းဆီးရမိခဲ့ ကြောင်းဖော်ပြထားသည်။
အလားတူ လယ်ဒိုမြို့နယ်စီမံအုပ်ချုပ်နယ်မြေ၊ တော်ဝိကျေးရွာတွင်ဖြစ်ပွားခဲ့သည့်တိုက်ပွဲတွင်လည်းလက်နက်ခဲယမ်းအများအပြားနှင့်အတူ စစ်သုံ့ပန်း(၃)ဦးကိုပါဖမ်းဆီးရမိခဲ့ကြောင်း ဆက်လက်ဖော်ပြထားသည်။
၎င်းတိုက်ပွဲ (၂)ပွဲပေါင်း(၂၆)ဦးအား စစ်စည်းကမ်းဥပဒေနှင့်အညီ တပ်ရင်း(၉)ထံ တွင်ထိန်းသိမ်းထားပြီး အိမ်ပြန်လိုသူများအားပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်းနှင့် လုံခြုံရေးအရပြန်၍မရသူများ ၊မပြန်လိုသူများအားအလုပ်အကိုင်ရှာဖွေပေးကာ ကောင်းမွန်စွာထိန်းသိမ်းထားလျက်ရှိကြောင်း ထုတ်ပြန်ထားပါသည်။
ထို့ဖမ်းဆီးခံရသည့်စစ်သုံ့ပန်းများသည် အများအားဖြင့်မတရားစစ်မူထမ်း ခံရသည့်သူများဖြစ်ကြပြီး တချို့မှာလည်း စစ်မှုထမ်းဖို့ရန်မလိုတော့သည့်စစ်မှုထမ်းသက်တမ်းပြည့် စစ်သားများလဲပါဝင် ကြောင်းသိရပါသည်။
PPV0013
ပုံ-KNU
#လူ့အခွင့်အရေး
#ကရင်အမျိုးသားအစည်းအရုံး
#KNU
#တောင်စုတိုက်ပွဲနှင့်တော်ဝိတိုက်ပွဲ
#ဖမ်းဆီးရမိခဲ့သည့်စစ်သုံပန်း
#ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် #KNLAနှင့်ပူးပေါင်းတပ်
https://t.me/thepeoplevoicePaO
youtube channel ကြည့်ရန်
www.youtube.com/@khamsarngor7295
website ကြည့်ရန်